Intro

7.4K 275 11
                                    

Unicode

ဇာတ်လမ်းမိတ်ဆက်
....

ရန်လုကျွင်းဟာလေယာဉ်ပေါ်တွင် ဒီနှစ်အတွင်းစာဖတ်သူများရဲ့အသဲနှလုံးကိ ဆွဲစားနိုင်ဆုံးဝထ္တုတစ်ပုဒ်ကိုဖတ်နေလေသည်။

ထိုစာအုပ်ထဲကဇာတ်ကောင်များထဲတွင် အဓိကဇာတ်ဆောင်မင်းသားနဲ့မင်းသမီးတို့ကနာမည်ကြီးတာမဟုတ်ပဲ မရေတွက်နိုင်သောအရူးမူးများ၏ ဝိုင်းညှဉ်းပန်းနှိပ်စက်ခြင်းကိုခံခဲ့ရတဲ့ ကုချီဆိုသူ(ဗီလိန်)ပင်ဖြစ်သည်။

ကုချီကငယ်ငယ်ကတည်းကအဆုံးမရှိလှပေမဲ့ ကံမကောင်းစွာဖြင့်သူ့မိဘနှစ်ပါးစီးပွါးရေးပျက်ကာ သူတို့ရဲ့အကြီးမားဆုံးသောရန်သူလက်အောက်ကိုရောက်ခဲ့ရသည်။ သူရဲ့နက်မှောင်ကာတောက်ပသောမျက်လုံးများကလဲ အဆိပ်ထိကာ ဖုံးကွယ်သွားရသည်။ အဆုံးမှာတော့ သူဟာသူ့ကိုသိပ်သဘောကျတဲ့ စိတ်ကျန်းမားရေးမကောင်းတဲ့မိန်းမလက်ထဲရောက်ကာ ထိုမိန်းမကသူ့ကိုလူများထံမှ ဝှက်ထားခဲ့တော့သည်။

ထိုကြမ်းတမ်းတဲ့အရာအကုန်လုံးကို ကြုံခဲ့ရတဲ့လူငယ်လေးကတော့ လေအေးလေးမှတစ်ဆင့်မုန်တိုင်းသဖွယ်ပြောင်းလဲသွားတော့လေသည်။

သို့သော်ထို့သို့သန်မာပေမဲ့ သနားဖို့ကောင်းတဲ့ကောင်လေးဘဝကိုဘယ်သူကမသနားပဲနေနိုင်ပါ့မလဲ?
....
ရန်လုကျွင်းလဲစာဖတ်ရင်း ထိုကောင်လေးကြောင့်သူမရဲ့ နှလုံးကနာကျင်ရသည်။ ထိုကောင်လေးကိုဖွက်လိုက်သောထိုမိန်းမကြီးကို သူမအားရပါးရအော်ဆဲပစ်ချင်မိသည်။

ဒါပေမယ့်လေ... ဘယ်သူကသိမှာလဲသူမတို့လေယာဉ်ပျက်ကျတော့ သူမကကုချန်ကိုလက်ဝါးကြီးအုပ်ချင်တဲ့ ထိုမိန်းမနေရာကနေနိုးထလာရမယ်လို့လေ!!!

ကံကောင်းချင်တော့ထိုအချိန်က ကုချန်ကိုရွေရောင်အိမ်ထဲမှာပိတ်လှောင်ခြင်းရဲ့ပထမဆုံးနေ့သာဖြစ်သည်။

ဝတ္ထု၏အဆုံးသတ်တွင် ထိုမိန်းမ၏ခွေးတွေဝက်တွေထက် ယုတ်ညံ့သောဇာတ်သိမ်းကိုရတာကိုသတိရပြီးနောက် ရန်လုကျွင်းအခြေအနေ *အိုး…?*

*****

ဝတ္ထုထဲကမိန်းမကတော့ ထိုဇာတ်သိမ်းနဲ့ထိုက်တန်ပေမဲ့ ယန်လုကျွင်းကတော့ ထိုကဲ့သို့အဖြစ်မျိုးမဖြစ်မခံနိုင်ပေ။

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now