Ch-10 Uni

1.1K 137 2
                                    

အခန်း၁၀-ဘာလို့သူ့ကိုအနိုင်ကျင့်တာလဲ?
.....

ကျင်းဂျုအန်းမွေးနေ့ကျင်းပတဲ့ဟော်တယ်ဝင်ဝသည်ခမ်းခမ်းနားနားကို ပြင်ဆင်ထားသည်။ အပေါက်ဝတွင်ကျင်းဂျုအန်းဆိုသောနာမည်ကိုချိတ်ဆွဲထားသည်။ မသိလျှင်မင်္ဂလာပွဲတွင်သတိုးသမီးနာမည်က ပျောက်ဆုံးသွားသလိုပင်။

ဒီအကြိမ်သည်ရန်လုကျွင်းဗီလာကနေ အပြင်လေရှူထို့ထွက်လာနိုင်တဲ့ပထမဆုံးအကြိမ်ဖြစ်သည်။ယခုရာသီကဆောင်းဦးနှစ်ဝက်လောက်ဖြစ်သည်။ ပန်းများ ၊ပန်းပင်များနဲ့သစ်ပင်များရဲ့အသွင်အပြင် ဘေးပတ်လည်မှာရပ်ထားတဲ့ကားတွေကိုပါ သူမသေချာလိုက်လံကြည့်ရှု့နေသည်။ဒီကမ္ဘာနဲ့အပြင်ကမ္ဘာအစစ်ဟာ ကွဲပြားမှု့မရှိကြောင်းကိုတွေ့ရသည်။

ရန်လုကျွင်းကကုချီလမ်းပျောက်မှာစိုးလို့ ကုချီ့လက်ကိုတွဲလိုက်သည်။ အပြင်ပန်းကကြည့်ရင်တော့ သူတို့နှစ်ယောက်ဟာ ပုံမှန်စုံတွဲတစ်တွဲလိုပင်။

မရင်းနှီးတဲ့မျက်နှာတွေနဲ့လူအုပ်ထဲကိုရောက်တော့ ရန်လုကျွင်းရော ကုချီပါနားမလည်နိုင်တဲ့ခံစားချက်တွေနဲ့ အီလည်လည်ဖြစ်လာကျသည်။

သူဌေးသားသမီးတွေ ကျင်းပတဲ့ဒီလိုပါတီမျိုး  အထက်တန်းစားတွေရဲ့ဝိုင်ပါတီကလုံးဝကို မတူအောင်ကွဲပြားကြသည်။ ဝတ်စားထားသည်များမှာလှပတောက်ပနေပေမဲ့ မြင်ကွင်းကတော့ဆူညံနေသည်။အလယ်ကကစားပွဲဝိုင်းကိုရှောင်ပြီး အပြင်ဘက်မှာနေရင်တော့ အဆင်ပြေနိုင်သည်။

အပြင်ဘက်ဝိုင်းရဲ့ဆိုတဲ့အချက်ကတော့ ထိုအနားတွင်သန့်ရှင်းရေးလုပ်နေတဲ့အဒေါ်ကြီးတွေနဲ့ အစားသောက်ခင်းကျင်းနေတဲ့စာပွဲထိုးများသာရှိသည်။ ကုချီ့ကိုလူတွေဝင်တိုက်မှာစိုးလို့ ရန်လုကျွင်းတစ်ယောက်ကုချီကို ဘယ်ညာဆွဲခေါ်နေရသည်။

ရုတ်တရက် သဟိုင်ကသူမအနောက်မှပြောလာသည်။
“မမလေးအရှေ့ကကောင်မလေး လာနှုတ်ဆက်မဲ့ပုံပေါ်တယ်”

ဒီခန္ဓာကိုယ်ကကျော်ကြားတဲ့မိသားစုကဖြစ်တာကြောင့် ဒီလိုနှုတ်ဆက်မှု့မျိုးကလိုအပ်ပြီး ရှောင်ရှားလို့မရမှန်းသူမခန့်မှန်းထားပြီးသားဖြစ်သည်။

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now