Ch-13

1.1K 129 6
                                    

Unicode
..
ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!
အခန်း-၁၃
...

မွေးနေ့ပွဲဟာသူတို့စီစဉ်ထားတဲ့အတိုင်းဖြစ်သွားပြီး ရန်လုကျွင်းစာဖတ်သူဘဝတုန်းကအိမ်မက်ဟာ ဖြစ်မြှောက်သွားသည်။ ဒါပေမဲ့သူမခေါင်းမှာတော့ ဒဏ်ရာရလာသည်။ အပေါ်ရံဒဏ်ရာလေးသာဖြစ်ပေမဲ့ ဆရာဝန်ကသူမကိုအိပ်ရာထဲမှာရက်ပိုင်းလောက် လှဲနေဖို့ပြောခဲ့သည်။

သူမအခုမှမှတ်မိတယ် သူမဒီကမ္ဘာကိုရောက်ကတည်းက ဖုန်းတစ်လုံးမှာကိုမကိုင်ရသေးပေ။ သူမပြန်ရောက်ပြီးနောက်နေ့မနက်ရောက်တော့ သူမရဲ့မရှိမဖြစ်သွေးကြောဖြစ်တဲ့ သဟိုင်ကို ဖုန်းလေးအကြောင်းကိုမေးခဲ့သည်။ နောက်ဆုံးပေါ်အမဲရောင်ပြားလေးတစ်ခု…

သူမထိုအရာကို သူမလက်ထဲမှာရလိုက်တော့ နားမလည်နိုင်စွာဖြင့် လျှစ်စီးကြောင်းအသံကိုကြားလိုက်ရသည်။ ရန်လုကျွင်လန့်ဖြန့်သွားပေမဲ့ သူမလက်ကိုဓာတ်မလိုက်တာကိုသိလိုက်ရတော့ စိတ်သက်သာရရသွားသည်။ဖုန်းပွင့်ပြီးနောက် သူမ ပထမဆုံးတွေ့ချင်တဲ့အရာကတော့ နဂိုပိုင်ရှင်၏ WeChatပင်။

သူမလိုက်ရှာကြည့်ပေမဲ့ အမြဲရင်းနှီးနေကြဖြစ်တဲ့ အစိမ်းရောင်အရာလေး wechat ကိုရှာမတွေ့ပေ။ မိုဘိုင်းဖုန်းထဲမှာလဲ ဆော့ဖ်ဝဲများများစားစားလဲမရှိပေ။ ရန်လုကျွင်းဆော့ဖ်ဝဲတွေကို တစ်ခုပြီးတစ်ခုလိုက်ကြည့်နေရင် တတိယလိုင်းကိုရောက်တော့…

အဲ့ဒီအနီရောင်ရဲရဲနဲ့ဟာ…

“သေစမ်း” ရန်လုကျွင်းစိတ်မထိန်းနိုင်ပဲပေါက်ကွဲသွားသည်။ “ရှောင်ဟိုင် ငါ့ရဲ့ WeChat ကဘာဖြစ်တာလဲ?”

သဟိုင်ကကိစ္စရှိလို့ ရန်မိသားစုအိမ်ကိုသွားနေတာမို့လို့ ရန်လုကျွင်းကို ဒုတိယမြှောက်ရင်နှီးတဲ့ ရှောင်ဟိုင်ကအသင့်စောင့်ပေးနေသည်။

ရှောင်ဟိုင် သူမအိပ်ရာနားကို အပြူးသားနဲ့ရောက်လာသည်။
“ဘာဖြစ်လို့လဲမမလေး”

“အနီရောင်ကြီးဖြစ်နေတယ်လေ”

*WeChat ကဒီကမ္ဘာမှာအနီရောင်လား?*

ရန်လုကျွင်းကတွေးတောနေတုန်း ရှောင်ဟိုင်ကတော့ မျက်မှောင်ကြုံ့ကာ ဖုန်းဆက်ရန်လုပ်နေသည်။

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now