Ch-1-Unicode

2.1K 199 5
                                    

“ဟေး မစ္စရန်... ကြားရလား? ကျေးဇူးပြုပြီပြန်ဖြေပေးပါ! ဒီအရာက တစ်ခြားစိတ်အနေထားအမူအရာတွေဆိုတာကို သတိထားမိပါသလား”

ရန်လုကျွင်သတိပြန်ရလာတော့ သူမကိုတစ်ယောက်ယောက်က ထိုမေးခွန်းမေးနေတာကြားလိုက်ရသည်။ အသံကအဝေးမှာရောက်နေသလိုဝေဝါးနေရာမှ တဖြေးဖြေးကြည်လင်လာသည်။

သူမမျက်လုံးများကိုဖွင့်လိုက်တော့ အဖြူရောင်နံရံကိုဦးစွာမြင်လိုက်ရသည်။ အသံလာရာကိုကြည့်လိုက်တော့ အဖြူရောင်ကုတ်…။

ရန်လုကျွင် သူမကိုသူမသက်သောင့်သက်သာရှိတဲ့ထိုင်ခုံမှာ ထိုင်နေမှန်းကို သတိထားလိုက်မိသည်။သူမအရှေ့တွင်တစ်ခုခုရှိပုံပေါ်သည်။သူမအနားကပ်ကြည့်လိုက်တော့ ‘စိတ်နှစ်ခွရောဂါစစ်ဆေးချက်’ ဆိုသောခေါင်းစဉ်ဖြင့်စာရွက်ကိုတွေ့လိုက်ရသည်။

ရန်လုကျွင်-?

…တစ်ခုခုတော့မှားနေပြီ။ ဒါကမမှန်ဘူး!

သူမမျက်လုံးမပိတ်ခင်က သူမတို့လေယာဉ်ပျက်ကြပြီး သူမသတိလစ်သွားတာမဟုတ်ဘူးလား?သူမသေသွားတယ်ဆိုရင်က စိတ်ပညာရှင်စီရောက်လာစရာအကြောင်းမှမရှိတာ ဟုတ်တယ်မလား?

သူမရှည်ရှည်ဝေးဝေးမတွေးမိလိုက်ခင်မှာတင် တစ်ဖက်ကအမျိုးသမီးက စကားစလာပြန်သည်။

“ရှင့်ရဲ့တစ်ခြားစိတ်တစ်ခုကထွက်လာပြန်ပြီ”အဖြူရောင်ကုတ်အင်္ကျီနဲ့အမျိုးသမီးက ပြောလာသည်။သူမအရှေ့ကအဖြေရှာမရတဲ့ပြဿနာများနဲ့လူနာကိုကြည့်ကာ သက်ပျင်းတစ်ချက်ချလိုက်ပြီး

“မစ္စရန် ကျွန်မသာရှင့်ရဲ့ဆေးစစ်ချက်စာရွက်သာမတွေ့ခဲ့ရင် ရှင်ကျွန်မကို တစ်နှစ်လုံးလုံးစနောက်နေတယ်လို့ထင်မိမှာ”

ရန်လုကျွင်ကြောင်သွားပြီး
“ဘယ်သူက စိတ်နှစ်ခွဖြစ်နေတာလဲ? ကျွန်မကစိတ်မကျန်းမာတဲ့သူတစ်ယောက်မဟုတ်ဘူးနော်။ ဘာလို့လာစော်ကားနေတာလဲ?”

အဖြူရောက်ကုတ်နဲ့အမျိုးသမီးက ထိုစကားကိုကြားလိုက်ရတော့ သူမကို’ရှင်ကစိတ်ကျန်းမာရေးမကောင်းတဲ့အပြင် ကုလို့ပါမရတော့ပါလား’ဆိုတဲ့အကြည့်ဖြင့် ကြည့်နေသည်။အမျိုးသမီးကသူမစကားကိုပြန်ပြောချင်ပုံမရပေ။

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now