Ch-3 Unicode

1.3K 158 5
                                    

ရန်လုကျွင်းပြန်နိုးလာတော့ သူမပတ်ဝန်းကျင်က နောက်တစ်နေရာကိုရောက်နေကြောင်း ပြနေသည်။မျက်နှာကျက်တွေကတော့ရှေးဟောင်းဒီဇိုင်းဖြစ်ပြီး နရံမှာတော့အနောက်တိုင်းစတိုင်ပန်းချီများကို ချိတ်ဆွဲထားသည်။သေချာတာကတော့ ဒီအခန်းကသူမရဲ့အိမ်ခန်းဖြစ်ရမည်။

နဂိုပိုင်ရှင်ကအချိန်မရွေး စိတ်ထဖောက်နိုင်တဲ့ ချိန်ကိုက်ဗုံးတစ်လုံးလိုဖြစ်တာကြောင့် ဗီလာထဲတွင်ဆရာဝန်တစ်ယောက်ကိုခေါ်ထားသည်။ ရန်လုကျွင်းနိုးလာတော့ သူမနောက်ထပ်စစ်ဆေးချက်အတိုင်းထိုင်ရပြန်တော့သည်။

သူမမေ့လဲသွားပြီးနောက် စိတ်နည်ငယ်ငြိမ်သွားသည်။ရန်လုကျွင်းနောက်ဆုံးတော့ သူမဝတ္ထုကမ္ဘာထဲကိုရောက်လာပြီဆိုတာကို လက်ခံလိုက်သည်။

သူမကတကယ်ကြီးကို ‘နှလုံးခုန်နှုန်းကန့်သတ်ချက်’ဝတ္ထုထဲက သူမအကြိမ်ကြိမ်ဆဲဆိုခဲ့တဲ့ သနားစရာကောင်းတဲ့အရူးဇာတ်ကောင်ဖြစ်နေပြီ။ပြီးတော့ သူမအတွက်ပထမဆုံးအနေနဲ့ရောက်ဖူးတဲ့ဗီလာထဲကို ကုချီလဲရောက်နေပြီဖြစ်သည်။

သူမပထမဆုံးလုပ်သင့်တဲ့အရာက ကုချီကိုကြိုးဖြည်ဖို့တစ်ယောက်ယောက်ကို ခိုင်းရန်ပင်ဖြစ်သည်။ ဒုတိယတစ်ခုကတော့ သဘာဝကျစွာဖြင့်ပဲ သူ့ကိုတွေ့ဖို့ပေါ့နော်။

တော်ရုံနဲ့အဆုံးမသတ်နိုင်တော့တဲ့ စစ်ဆေးချက်ပြီးဆုံးပြီးနောက် သူမအိပ်ရာထဲမှထကာ ကိုယ်ရံတော်တွေနဲ့အတူ ကုချီရှိတဲ့အိမ်အောက်ထပ်သို့သွားလိုက်သည်။

ဗီလာရဲ့အပြင်အဆင်တွေကတော့ အတူတူပဲဖြစ်ပြီး လှေကားတွေက ရှေးခေတ်စတိုင်ပင်။သူမအနားကဂန်းစတားနဲ့တူတဲ့ကိုယ်ရံတော်ကိုကြည့်ကာ ‘အဆောက်အုံးထဲမှာ နေကာမျက်မှန်ကြီးတပ်ထားတာကတော့ပိုတယ်’ လို့တွေးလိုက်သည်။

ရန်လုကျွင်းနောက်ဆုံးမနေနိုင်စွာဖြင့် သူမအနားအနီးဆုံးတွင်ရှိသောသူကိုမေးလိုက်သည်။

“ဘာလို့အိမ်ထဲမှာမျက်မှန်ကြီးဝတ်ထားတာလဲ?
ကြည့်ကောင်းချင်လို့လား?”

“?”

ထိုဝတ်စုံအမဲနဲ့သူက သူမကိုကြည့်လိုက်သည်။ဒီနေ့တစ်နေ့လုံးမမလေးက ထူးဆန်းနေသည်။ အိုးသူမေ့တော့မလို့ သူမကစိတ်နှစ်ခွရောဂါရှိတာမလား။ အဲ့ဒါဆိုရင်တော့ဒါကပုံမှန်ပဲမဟုတ်လား?

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now