Ch-9 Unicode

1K 142 4
                                    

အခန်း-၉
....

ယခုချိန်သည်မနက်ခင်း၁၁နာရီဖြစ်သည်။ရန်လုကျွင်းဝိတ်ကျသွားတာကြောင့် သူမဝတ်စုံတွင် ချို့ယွင်းမှု့တစ်ခုရှိနေသည်။
သူမအဝတ်ပြင်ပြီးထွက်လာတာနဲ့ သဟိုင်ကတံခါးအပြင်မှာသူမကိုရပ်စောင့်နေတာကို တွေ့လိုက်ရသည်။

“သွားလို့ရပါပြီ မမလေး”

“ကုချီဘယ်မှာလဲ”

“ကားထဲမှာပါ”

ဗီလာဂိတ်ထဲကနေထွက်လာရင်း ရန်လုကျွင်းစိတ်ထဲတွင်သဟိုင်ကို ‘ဟေး’ လို့ခေါ်ရတာမကောင်းဘူးလို့ တွေးမိသွားသည်။တစ်ယောက်ယောက်ကို သူမသဘောအတိုင်းနာမည်ပေးဖို့ကမယဉ်ကျေးတာကြောင့်
“ဒါနဲ့ ရှင့်နာမည်ကဘယ်လို့ခေါ်လဲ”

သဟိုင်ကသူမရဲ့ ‘အတိတ်မေ့ရောဂါ’ ပုံစံအပြုမှုတွေကို နေသားတကျဖြစ်နေပြီဖြစ်သည်။

“ကျွန်တော်တို့က နံပါတ်တွေနဲ့အစဉ်လိုက်ရှိတာပါ။ မနေ့ကထိမမလေးက ကျွန်တော်တို့ကိုနံပါတ်တွေနဲ့ပဲခေါ်တာပါ”

“အဲ့ဒါဆိုရှင့်နံပါတ်ကဘာလဲ?”

“007”

“…”

*သိပ်မလိုက်သလိုပဲနော်*

ရန်လုကျွင်းနံပါတ်ကြီးနဲ့ခေါ်ရမှာ အဆင်မပြေတာကြောင့်နောက်ဆုံးတော့ “…အိုကေ သဟိုင်လို့ပဲခေါ်တော့မယ်”

“?“

သဟိုင်ဆိုတဲ့နာမည်ကထူးဆန်းနေပေမဲ့ ထင်သလောက်လဲမထူးဆန်းပေ။ဘာပဲဖြစ်ဖြစ်မစ္စရန်ကနောက်ဆုံးတော့ စိတ်ကျန်းမာရေးမကောင်းသေးတဲ့ လူနာပဲလေ။

“မမလေးနဲ့ လူဘယ်နှယောက်ခေါ်သွားချင်လဲ”သဟိုင်မေးလိုက်သည်။

“နှစ်ယောက်ပဲ ရှင်နဲ့ရှောင်ဟိုင်ကိုပဲ” ရန်လုကျွင်းကသူနဲ့အပေါက်ဝမှာရပ်နေတဲ့လူသစ်ကို ညွန်ပြလိုက်သည်။

“ရှောင်ဟိုင်ဆိုတာသူ။ အဲ့ဒါသူ့အတွက် အခုလေးတင်ပေးလိုက်တဲ့နာမည် အဲ့ဒါကိုသူ့ကိုနောက်မှရှင်းပြလိုက်ပြီးနောက်လဲအဲ့လိုပဲခေါ်တော့မယ့်အကြောင်းပြောလိုက်”

သဟိုင်က တည်ငြိမ်ပြီးပညာရှိသည်ဟုအဓိပ္ပာယ်ရှိပြီး ရှောင်ဟိုင်ကရက်စက်ပြီးနက်မှောင်တယ်လို့ အဓိပ္ပာယ်ရသည်။
သူမကတကယ်ကို နာမည်ပေးပညာရှိပဲ။

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now