Ch-15

1K 103 7
                                    

Unicode
...
အပိုင်း-၁၅

သူတို့ကအုပ်စုလိုက် ရောက်လာတာဖြစ်သည်။ သူတို့ကိုဦးဆောင်တဲ့အဖြူရောင်ကုဒ်နဲ့သူက အရင်ဆုံးရန်လုကျွင်းကို လာနှုတ်ဆက်သည်။ သူကမျက်မှောင်ကြုံလိုက်ကာ

“မစ္စရန်မလား? ကျွန်တော့နာမည်ကလု ဒေါက်တာလုလို့ပဲခေါ်ပါ”ဟုပြောလိုက်သည်။

သူကရန်လုကျွင်းကို အကဲခက်လိုက်သည်။ သူမမျက်လုံးတွေကကောင်းကောင်းအလုပ်လုပ်နေပုံပင် ဒုတိယအနေနဲ့တော့သူမကလှသည်။ အာရုံတွေက သူမရဲ့သန့်ရှင်းပြီးဖြူနေတဲ့မျက်လုံးပေါ်သာ ရောက်နေသည်။

“မစ္စရန်ကိုကြည့်ရတာကျန်းမာပုံပါပဲ ဘာဖြစ်လို့လဲမသိဘူး”

ရန်လုကျွင်းက အလျင်အမြန်လက်ခါလိုက်သည်။
“ဒေါက်တာလု ကျွန်မသူငယ်ချင်းရဲ့မျက်လုံးရောဂါကို ကုပေးရမှာပါ သူ့စီခေါ်သွားပေးပါ့မယ်”

အဲ့လိုနဲ့ရန်လုကျွင်းကဆရာဝန်နဲ့သူ့လက်ထောက်တို့ကို ကုချီ့တံခါးစီလိုက်ပြပေးလိုက်သည်။

ဇီကုချီရဲ့မျက်လုံးတွေက သူမစာအုပ်ဖက်ကတည်းက စဉ်စားနေမိတဲ့အရာတွေပင်ဖြစ်သည်။ သူမဒီနေ့ကိုစောင့်နေတာကြာပြီဖြစ်ပြီး ရင်ခုန်၍အခန်းတံခါးခေါက်ဖို့ပါ မေ့သွားသည်။

သူမကုချီ့အိပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ပထမဆုံးတွေ့ရတဲ့အရာကတော့ အဝတ်စလှစ်ဖြစ်နတဲ့ကုချီ့ကျောပင်။ ကုချီကအိပ်ရာခြေရင်းမှာရပ်ကာ အဝတ်လဲနေသည်။

ရန်လုကျွင်းက ခေတ္တကြောင်သွားသည်။ သူမဦးနှောက်ကဘာတွေဖြစ်နေလဲဆိုတာကို လိုက်မှီဖို့ကြိုးစားနေသည်။ ထို့နောက်ကုချီမလှည့်လာခင် သူမတံခါးကိုဆောင့်ကာအလျင်အမြန်ပိတ်လိုက်သည်။

ရန်လုကျွင်းက ဒေါက်တာလုအရှေ့ကလျှောက်လာလို့ပင်။ မဟုတ်လျှင်ဆရာဝန်က ထိုမြင်ကွင်းကိုမြင်သွားနိုင်သည်။

ဒါကအရမ်း…

စက္ကန့်အနည်းငယ်ကြာတော့ တံခါးကပြန်ပွင့်သွားသည်။ ကုချီ့မျက်နှာက လူတိုင်းရှေ့မှာပေါ်လာသည်။ အခုမှမျက်နှာသစ်ထားပုံပေါ်သည်။ သူ့မျက်တောင်များပေါ်တွင် ရစက်များကချိတ်ဆွဲနေတုန်းဖြစ်သည်။ ကုချီကရန်လုကျွင်းကိုကြည့်နေသည်။

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now