Ch-4 Unicode

1.2K 147 2
                                    

အခန်း-၄
....

ထိုအတွေးက ရုတ်တရက်ဝင်ရောက်လာခြင်းသာဖြစ်သည်။ဒါပေမဲ့ကုချီရဲ့အခုပုံက ဖန်ဘူးထဲထည့်ထားတဲ့ ရေခဲပန်းပုလေးတစ်ခုနဲ့တောင်တူနေသည်။

အမဲရောင်ဝတ်စုံနဲ့လူက သူမကိုကုချီရောက်နေပြီဖြစ်ကြောင်းလာပြောသွားတာတောင် နာရီအနည်းငယ်ကြာနေပြီဖြစ်သည်။ အဲ့ဒါကိုသူကဘာလို့မေ့နေတုန်းလဲ?

ထိုအတွေးကရန်လုကျွင်းခေါင်းထဲဝင်လာတော့ သူမတုန်လှုပ်သွားသည်။သူမမျက်လုံးကို ဆက်ကနဲပိတ်လိုက်တော့ သူမမမြင်ဖူးတဲ့မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

လူနှစ်ယောက်ကိုတွေ့နေရပြီး တစ်ယောက်ဟာယောက်ျားဖြစ်ပြီး နောက်တစ်ယောက်ဟာမိန်းမဖြစ်သည်။ ထိငမိန်းကလေးကတော့ယခုသူမခန္ဓာကိုယ်၏နဂိုပိုင်ရှင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဝတ်စုံအမဲနှင့်လူဖြစ်သည်။

“သူ့ကို##ဆေးထိုးပေးလိုက်ပြီး ပထမထပ်ကအခန်းထဲမှာ ကြိုးချည်သော့ခက်ထားလိုက်”ဟု မူလ‘ရန်လုကျွင်း’ ကပြောနေတာကိုသူမကြားလိုကိရသည်။

ဒါဟာနဂိုပိုင်ရှင်ရဲ့မှတ်ဉာဏ်ဖြစ်လိမ့်မည်။

ဒါပေမဲ့သူမ ‘ဆေးထိုးပေးလိုက်’ လို့ပြောလိုက်တဲ့နေရာမှာ ဘာဆေးထိုးပေးခိုင်းလိုက်လဲဆိုတာကို မကြားလိုက်ရပေ။ဦးနှောက်ထဲတွင်ထိုနေရာမှာ ‘——ဘီပ့်’ ဆိုတဲ့အသံကြီးသာကြားလိုက်ရသည်။

ဘာလဲဟ နဂိုပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေက ဆင်ဆာအဖြတ်ခံရနိုင်တာလား!!!ရန်လုကျွင်း-‘အရမ်းအဆင့်မြင့်တာပဲနော်’

သူမအခြေအနေကိုကြည့်ပြီးထိုမှတ်ဉာဏ်က နေ့ခင်းလောက်မှာဖြစ်သွားတယ်လို့ခန့်မှန်းလိုက်သည်။ ထိုမှတ်ဉာဏ်ပြီးတော့ နဂိုပိုင်ရှင်က စိတ်ကျန်းမာရေးဆရာဝန်စီသွားတွေ့ခဲ့ပြီးိုဆရာဝန်အားဒေါသထွက်နေခဲ့ပြန်သည်။ ထိုအချိန်မှာသူမဆိုတဲ့ အခြားကမ္ဘာက ရန်လုကျွင်းကဝင်ရောက်ခဲ့ပြီး ကြောင်တောင်တောင်ဖြစ်နေခဲ့ရသည်။

အဲ့တော့ နဂိုပိုင်ရှင်ကကုချီကို ဘာဆေးထိုးလို့ပြောလိုက်တာလဲ?အဲ့ဒါကြောင့်သူက အခုထိမေ့နေသေးတာလား?

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now