Ch-7 Unicode

1.1K 145 2
                                    

အခန်း-၇
....

သူမရဲ့ကိစ္စတွေအကုန်လုံးကို သူမရဲ့ကိုယ်ရံတော်တွေက စီစဉ်းပေးမှန်းကို ရန်လုကျွင်းအခုထိမသိသေးပေ။

သူမကဧည့်ခန်းထဲတွင်ထိုင်ကာ လက်ထဲတွင် တရုတ်ဘယ်ရီသီး၊ ဂျူဘီ၊ ဂန္ဓမာ ပါဝင်တဲ့ရေနွေးတစ်ခွက်ကိုကိုင်ကာ တစ်ငုံချင်းသောက်နေသည်။

ဒီဘက်ကိုမရောက်လာခင်တုန်းက ဆယ့်ရှစ်နှစ်အရွယ်ရန်လုကျွင်းက ကျန်းမာရေးကိုအထူးဂရုစိုက်တဲ့ လူငယ်များအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ခဲ့သည်။သူမမှာကောင်းမွန်တဲ့ခန္ဓာကိုယ်ရှိပြီး သူမက ‘ငါကသောက်စားပြီးညဉ့်နက်တဲ့အထိ ဂိမ်းဆော့ပေမဲ့ လူလိမ္မာတစ်ယောက်’ ဆိုတဲ့ဆောင်ပုဒ်ကိုသုံးစွဲသည်။

! ငါကနာတာရှည်၊ စိတ်ကျန်းမမာတဲ့ကိုယ်ရှိပေမဲ့ ငါကကျန်းမာသူတစ်ယောက်ပါ !

ရန်လုကျွင်းအခုသံသယများရှိနေသည်။သူမကဒီဘက်ကိုရောက်လာတော့ နဂိုပိုင်ရှင်က ဘယ်ရောက်သွားလဲ?ဝတ္ထုထဲကအတိုင်းမလုပ်ရင် သူမဘာဖြစ်သွားနိုင်လဲ?

ရန်လုကျွင်းကကျန်မာရေးအတွက် ကောင်းတဲ့ရေနွေးကိုသောက်ကာတွေးတောနေသည်။ ထို့နောက်ရုတ်တရပ် ဧည့်ခန်းထဲရှိသန့်စင်ခန်းတံခါးက ’ကလစ်’ ဟုမြည်သွားပြီးတံခါးကပွင့်လာသည်။ သူမကလဲခေါင်းလှည့်ကာ လှမ်းကြည့်လိုက်သည်။

ထွက်လာတဲ့သူကသူမ လုံးဝမထင်ထားတဲ့သူပင်။

ကုချီဆံပင်တွေကစိုစွတ်နေတုန်းဖြစ်ပြီး သူ့ပခုံးပေါ်တွင်သဘက်အဖြူတစ်ခုကို တင်ထားသည်။  သူ့အဝတ်စားများတွင်ရေစီးကြောင်းအချို့ရှိနေသည်။ သူကရေချိုးပြီး သူ့အခန်းကိုပြန်ဖို့ပြင်နေတယ်ဆိုတာသိသာသည်။

အိမ်ကကြီးရုံသာမကာပဲ အဖိုးတန်ပုံပေါက်အောင်အပြင်ဆင်များနဲ့ပြင်ဆင်ထားတာကြောင့် သူကနှေးကွေးစွာလျှောက်နေသည်။ မနေ့ကကုချီပြောပုံအရဆို သူကဝေဝေဝါးဝါးသာမြင်ရတာကြောင့် ခဏလောက်သာ လမ်းလျှောက်ရန်သင့်သည်။

ရန်လုကျွင်းခေါင်းထဲမှာ မေးခွန်းတွေနဲ့ပြည့်နှက်သွားသည်။

မနေ့ကသူမကုချီစီသွားတော့ အခန်းထဲမှာသေချာပေါက်သန့်စင်ခန်းရှိတာကိုတွေ့ခဲ့သည်။ မျက်လုံးကွယ်မလိုဖြစ်နေတဲ့ကုချီကဘာလို့ သူ့အခန်းမှာရေမချိုးပဲ ဧည့်ခန်းထိထွက်လာတာလဲ?

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now