Ch-11 Uni

1.3K 138 6
                                    

အခန်း-၁၁
........

ရန်လုကျွင်းကလူသုံးယောက်နဲ့အတူ ထိုနေရာတွင်ဆယ်မိနစ်ခန့်ထိုင်စောင့်လိုက်သည်။ နောက်တော့ ခန္ဓာကိုယ်မှာအလှဆင်ပစ္စည်းပေါင်းစုံချိတ်ဆွဲထားတဲ့ ကျင်းဂျုအန်းကရောက်လာသည်။

ရွှေအိုရောင်ဆံပင် ၊နားပေါက်တွေနဲ့ရယ်စရာကောင်းတဲ့လမ်းလျှောက်ပုံ...ခေတ်ရေစီးကြောင်းနဲ့မညီတဲ့ဝတ်စားဆင်ရင်ပုံနဲ့ ကျောက်ကပ်မှာ ချို့ယွင့်ချက်ရှိနေသလိုမျက်နှာနဲ့သူ...

ရန်လုကျွင်းစိတ်ထဲကနေသူ့ကို ၈ခါလောက်တံတွေးထွေးပြီးပြီဖြစ်သည်။ အပြင်ပန်းမှာတော့တည်ငြိမ်နေပြီး မျက်နှာကိုတည်ထားရသည်။

"မွေးနေ့ကဒီမှာလား?"

ကျင်းဂျုအန်းမျက်နှာကကြက်သေသေသွားသည်။သူကမိန်းကလေးတစ်ချို့စီကနေ ရူးနေတဲ့မိန်းမရောက်လာတယ်လို့ကြားခဲ့ရသည်။ကျင်းဂျုအန်းကမဖြစ်နိုင်ဘူးလို့ထင်သည်။
*သူမကဘာလို့ငါ့ပွဲကိုဖျက်စီးဖို့လာရမှာလဲ*

ဒါပေမဲ့အခုတော့သူမရဲ့အသံကိုကြားလိုက်ရပြီးတွေဝေသွားသည်။

"မစ္စရန်ရောက်လာတယ်ဆိုလို့ ကျွန်တော်ကလာနှုတ်ဆက်တာပါ"ကျင်းဂျုအန်းကသူမကိုတစ်ခုခုပြောဖို့ကြံလိုက်ပေမဲ့ သူ့မျက်လုံးတွေကသူမဘေးကသူစီကိုရောက်သွားသည်။

"ကုချီ?" ကျင်းဂျုအန်းကမျက်ခုံးများကိုပင့်ကာပြောလိုက်သည်။ထို့နောက်ရန်လုကျွင်းကိုလှမ်းကြည့်ပြီး "သူ့ကိုဒီကိုခေါ်လာတာလား?" ဟုမေးလိုက်သည်။

"သူမဟုတ်ဘူး ပြီးတော့ငါက ဘာလို့နင့်မွေးနေ့ကိုလာရမှာလဲ?" ရန်လုကျွင်းကမေးလိုက်သည်။

"ဘယ်လို"ကျင်းဂျုအန်းကအံ့ဩသွားသည်။

ရန်လုကျွင်းကသူ့ပုံစံကိုအရမ်းကြည့်မရဖြစ်နေသည်။ သူမလက်ကိုပိုက်လိုက်ကာ "နင်ပြန်ပေးဆပ်ရမှာတစ်ခုခုရှိလား? နောက်မှပေးမလား လူလွှတ်လိုက်မှအကြမ်းနည်းနဲ့ပေးချင်လား" ဟုမေးလိုက်သည်။

နဂိုခန္ဓာကိုယ်ပိုင်ရှင်က ကျင်းဂျုအန်းနဲ့ဘယ်လိုစကားပြောလဲဆိုတာသူမ မသိပေ။ ဒါပေမဲ့အထက်စီးဆန်တာကမှန်မယ်လို့သူမခံစားမိတာကြောင့် ကျင်းဂျုအန်းကိုစိုက်သာကြည့်နေလိုက်သည်။စိတ်ကျန်းမာရေးကောင်းကောင်းမကောင်းကောင်း သူမဆီကစိုက်ကြည့်တာကိုခံရတဲ့သူကသေချာပေါက်ခံစားချက်ကောင်းမှာမဟုတ်ပေ။

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now