Ch-16

465 58 0
                                    

အခန်း-၁၆ ကုချီကသူမပါးကိုဆွဲထားသည်
....

ဒါကရန်လုကျွင်းအနေနဲ့ ကုချီရဲ့တောင်းဆိုတာကို မလုပ်ပေးဖူးတာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ tingsu ဒေါင်းလို့မမှီးခင်မှာတင် သူ့လက်ထဲကို သူမဖုန်းပြန်ပေးလိုက်တာက
သူမစိတ်ထိခိုက်သွားကြောင်းကို မသိမသာဖော်ပြလိုက်သလိုပင်။

တိုက်ပွဲတွေကြားထဲက ရင်းနှီးမှု့တိုးလာမှု့တွေ ရန်လုကျွင်းရဲ့သနားကြင်နာမှု့တွေကို ကုချီ့ရဲ့ “မူမမှန်စိတ်ပညာ” ဆိုတဲ့စကားကရက်စက်စွာ ဖျက်စီးသွားသည်။

ရန်လုကျွင်း သူတို့ရဲ့သူငယ်ချင်းဆက်ရေးကို ခဏတာဖြတ်တောက်ဖို့ဆုံးဖြတ်လိုက်သည်။

ဒါပေမဲ့ထိုခဏတာက တစ်ရက်နဲ့နေ့တဝက်သာကြာခဲ့သည်။ ထို့နောက်ရန်လုကျွင်းက ကုချီအခန်းကိုအပြေးသွားတဲ့ အခြေအနေသို့ပြန်ရောက်သွားသည်။

***
ရန်လုကျွင်းတစ်ယောက် အိပ်ရာပေါ်တွင်ဖုန်းကို လုံးဝနှစ်သက်စွာကစားနေခဲ့သည်။ တခါတလေကျရင်လည်း သူမအကောင့်ထဲရှိ မူလဇာတ်ကြောင်းထဲက ဇာတ်ကောင်တွေရဲ့ဘောလုံးများကို စောင့်ကြည့်နေလေ့ရှိသဘ်။

ကုချီကလွဲပြီး ကျန်တဲ့သူတွေအပေါ်မှာဆိုရင် ဒီရွှေလက်ဟာ အတော်စိတ်ဝင်စားဖို့တော့ ကောင်းသည်။ ဘာလို့လဲဆိုတော့ ထိုအရာကစိတ်ခံစားမှု့တွေကို အကျဉ်းချုပ်ခွဲခြားပေးခြင်းနှင့်ဆင်တူသော လုပ်ဆောင်ချက်ရှိချင်းကြောင့်ပင်။ ရန်လုကျွင်းကတော့ ထိုအရာကစိတ်ဖတ်တာထက်တောင် ပိုကောင်းတယ်လို့တွေးသည်။ ဘာလို့ဆို သေလောက်အောင်မှန်နေတာလေ!

( Tn- golden fingerကို ရွှေလက်လို့ဘဲသုံးပေးထားတယ်နော် သူမလေးလက်နဲ့နှိပ်ရက် profileနားမှား bubbleလေးတွေအရောင်နဲ့ပေါ်တယ် အဲ့အရောင်ကိုကြည့်ပြီး စိတ်အခြေနေကိုမှန်းလို့ရနေတာပါ )

သည်းခံစွမ်းကောင်းတဲ့ ကိုယ်ရံတော်အသစ်က ရောက်လာပြီးနောက် သူပထမဆုံးအကြိမ်သွားတွေ့တော့ မြင်လိုက်ရတဲ့ ရန်လုကျွင်းရဲ့အနေထားကြောင့် အံ့ဩသင့်မိခဲ့ရသည်။

ကိုယ်ရံတော်အသစ်က တံခါးခေါက်ပြီးဝင်လာတော့ ရန်လုကျွင်သူ့ကိုကြည့်လိုက်သည်။ ထို့နောက်ရှောင်ဟိုင်ပြောခဲ့တဲ့ •• သူရဲ့ခေါင်းကိုရိုက်ခွဲရင်တောင် ဘယ်တော့မှဒေါသမထွက်ဘူးတဲ့•• ဆိုတဲ့စကားကိုချက်ချင်းမှတ်မိသွားသည်။

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now