Ch-8 Unicode

1.1K 179 8
                                    

အခန်း၈-ငါ့တို့ပန်းတိုင်ကသူ့ခြေထောက်တစ်ဖက်ဖြစ်ဖို့
...

ရန်လုကျွင်း သူမကစာအုပ်ထဲကို အစားထိုးဝင်ရောက်လာတာလား? သူတို့ရဲ့ပြဿနာအိုးကိုသယ်ထားဖို့ ရောက်လာရတာလားဆိုတာ စိတ်ထဲမှာသံသယဝင်နေသည်။သူမသယ်ရမဲ့ပြသနားအိုးတွေက သူမဆိုင်တောင်ထဖွင့်ပြီးရောင်းလို့တောင် ရနေလောက်သည်။

သူမရဲ့ရှက်ရွံ့ဖွယ်ရာတွေက မကုန်သေးဘူးထင်ပါရဲ့။ ကုချီ့ရဲ့အသံကို အပြင်ဘက်ကနေကြားလိုက်ရသည်။ သူ့အသံက စိုးရိမ်နေပုံပေါက်သည်။
“သန့်စင်ခန်းပြင်ဖို့ကခက်ခဲလား?”

ရန်လုကျွင်း-“…”

စာကြောင်းကသူ့ဟာသူဆို ပြဿနာမရှိပေမဲ့ ရန်လုကျွင်းတစ်ယောက်တွန့်သွားမိတယ်။ ဒါပေမဲ့ပြောလိုက်တဲ့သူက ကုချီလေ။ ပြီးတော့သူကဂန်းစတာတစ်ယောက်မှ မဟုတ်သေးတာ။ ခုလောလာဆယ်အရ တအားသနားဖို့ကောင်းပြီး သဘောကောင်းတဲ့ကုချီက ဘယ်လိုလုပ်သူများတွေအပေါ်ထူးဆန်းနိုင်မှာလဲ?

အား မေ့လိုက်တော့!

သဟိုင်ကဖုန်းဆက်ပြီးတော့ ရန်လုကျွင်းကတံခါးမဖွင့်ခင် သဟိုင်ပါစမ်းကိုလှမ်းပိတ်လိုက်သည်။ သူမအပြင်ရောက်တော့ ကုချီအိပ်ရာအစွန်းမှာ ထိုင်နေတာကိုတွေ့လိုက်ရသည်။

ပိုတိတိကျကျပြောရရင်တော့ သူကခေါင်းအုံးအပျော့ကို လူနှင့်ကုတင်တိုင်ကြားတွင်ထားကာ အရိုးမရှိသူတစ်ယောက်လိုမှီထားသည်။ သူပုံစံကမထင်မှတ်ထားလောက်အောင် သက်သောင့်သက်သာရှိပုံပေါ်သည်။

ရန်လုကျွင်းအပြုံးတစ်ခုကို အတင်းပြုံးပြလိုက်ကာ
“မခက်ပါဘူး တံခါးပိတ်လိုက်တာက သူဆီဖုန်းဝင်လာပြီး ငါ့ကိုပြောစရာသပ်သပ်ပေါ်လာလို့”

“ဟုတ်ပြီ”ကုချီက အလွယ်တကူခေါင်းညိတ်လက်ခံလိုက်သည်။ပြီးတော့ သဟိုင်ကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ ထို့နောက်တံခါးနားသို့ လျှောက်သွားရင်း “အဲ့ဒါဆိုငါအရင်…”

သူမ ‘သွား’ ဆိုတဲ့စာလုံးကို မပြောရသေးခင်မှာတင် ကုချီကကြားဝင်ဖြတ်သည်။သူကဖြေးဖြေးချင်းထိုင်လိုက်ကာ မဆိုင်တဲ့မေးခွန်းတစ်ခုကို မေးလာသည်။
“မင်းသွားမှာလား?”

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now