Ch-6 Unicode

1.2K 150 2
                                    

အခန်း-၆

ရန်လုကျွင်း ရင်တုန်ကာမူးနောက်နောက်ဖြင့် အခန်းကိုပြန်လာခဲ့သည်။ သူမအခန်းထဲပင်မရောက်သေးခင်မှာ အရိပ်တစ်ခုကိုဖြတ်ကနဲ တွေ့လိုက်ရသည်။

သူမအနည်းငယ်လန့်သွားပေမဲ့ မကြာခင်မှာပဲထိုအရာက လူမဟုတ်ပဲ ဒင်ချူးဆိုတဲ့စက်ကရိယာတစ်ခုသာ ဖြစ်ကြောင်းကိုသိလိုက်ရသည်။

ပိုပြီးတိတိကျကျပြောရရင်တော့ သက်ရှိလူပုံစံနဲ့မတူတဲ့စက်ရုပ်တစ်ခုဖြစ်သည်။ ခေါင်းပြားပြားတစ်ခုရှိပြီ းခြေလက်တွေဟာသတ္ထုတွေပင်ဖြစ်သည်။ ခန္ဓာကိုယ်ကကွန်ပျူတာရဲ့ပုံသဏ္ဍာန်ဖြစ်ပြီး အဆုံးတွင်ဘီးများလဲပါရှိသည်။ ထိုအရာကလမ်းလျှောက်နေတာမဟုတ်ပဲ ဘီးနဲ့ရွေ့လျားနေသည်။

ထိုအရာကရန်လုကျွင်းအရှေ့ကိုရောက်လာပြီး ခေါင်းပြားပြားမှအမျိုးသမီးတစ်ဦး အသံထွက်လာသည်။
“ရေချိုးရန်ပြန်ဆင်ပေးထားပါတယ် သခင်မလေး”

ရန်လုကျွင်း-“…”

ထိုအရာရဲ့ရုပ်ဆိုးတဲ့ပုံသဏ္ဍာန်နဲ့မတူပဲ နည်းပညာကတော့အတော်ကိုအဆင့်မြင့်သည်။ သခင်မလေးလို့အခေါ်ခံရတာကတော့ နည်းနည်းရှက်ဖို့ကောင်းနေသည်။

ရန်လုကျွင်းသည် လက်ဆော့ကစားတက်သောသူတစ်ယောက်ပင်ဖြစ်သည်။ ကုဒ်စနစ်ဖြစ်ကြောင်းကို သူချက်ချင်းရှာတွေ့ခဲ့သည်။ ’သခင်မလေး’ဆိုတဲ့ကုဒ်နာမည်က အလိုလျောက်ကုဒ်နာမည်တစ်ခုဖြစ်ပုံပေါ်သည်။ အရင်ပိုင်ရှင်ကမပြောင်းထားတာမို့ ယခုစိတ်ဆန္ဒရှိလျှင်ပြောင်းလို့ရသည်။

ရန်လုကျွင်းခဏတွေးတောလိုက်ကာ ‘မာရီယာ’ လို့ပြောင်းလိုက်သည်။

‘သင်သည်ငြိမ်းချမ်းလိမ့်မည်၊ စစ်မှန်တဲ့အပျိုစင်မာရီထံမှသင်ယူပြီး အလွယ်တကူဒေါသမထွက်ပဲ လောကအတွက်ငြိမ်းချမ်းမှု့ကိုရှာပါ’ ဟူသောသတိပေးချက်ကိုသူမကို သူမသတိပေးရန် ထိုကုဒ်နာမည်ပြောင်းလိုက်ချင်းပင်ဖြစ်သည်။

အဲ့လိုနဲ့ရန်လုကျွင်းသူမဘဝမှာပထဆုံးအကြိမ် စက်ရုပ်တစ်ခု၏ဝန်ဆောင်မှု့ကိုနှစ်သက်ခဲ့သည်။ အဖိုးတန်ရေမြုပ်တွေပါတဲ့ ရေငွေ့ပေးရေချိုးကန်ကြီးထဲကိုဝင်စိမ်လိုက်သည်နှင့်တစ်ပြိုင်နက် အသားမကျဖြစ်နေတဲ့ခန္ဓာကိုယ်က အနည်းငယ်သက်သောင့်သက်သာဖြစ်၈သွားသည်။

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now