Ch-14

666 72 0
                                    

Unicode
...

အပိုင်း-၁၇

ကုချီကသူမကိုတစ်ခြားနည်းဖြင့်သေစေသည်။

ရန်လုကျွင်းကကုချီဖုန်းကိုယူလိုက်ပြီး သူ့ကျုအာကုဒ်ကို စကင်န်ဖတ်လိုက်သည်။(QR, scan) အဲ့လိုနဲ့ကုချီကိုအပ်တာအောင်မြင်သွားခဲ့သည်။

ကုချီ့ WeChat အကောင့်ပုံကအမဲနဲ့အဖြူဖြစ်ပြီး အကောင့်နာမည်က ‘စကားလုံး’ တဲ့

စကားလုံး…

“အပ်ပြီး ငါ့နာမည်နဲ့မှတ်လိုက်တယ်” ရန်လုကျွင်းကုချီ့ကိုဖုန်းပြန်ပေးလိုက်သည်။ ထို့နောက်သူမမျက်လုံးများက ဖုန်းပေါ်ကျုချက်ချင်းပြန်ရောက်သွားသည်။

တစ်က္ကန့်

နှစ်စက္ကန့်

…..

သူမစိတ်ထဲကနေငါးစက္ကန့်ကိုရေတွက်လိုက်ပြီး နောက်ဆုံးတော့ အဖြူအမဲပုံကနေဘောလုံးများထွက်လာသည်။

ကုချီဘာတွေးနေလဲ? သူ့စိတ်ထဲမှာဘာတွေရှိနေလဲ? ကုချီသူမကိုဘယ်လိုထင်နေလဲ? သူလဲသူမကိုစိတ်ကျန်းမာရေးမကောင်းသူလို့ပဲထင်လား?

…..အခုအကုန်သိရတော့မယ်!!!

ရန်လုကျွင်း ကုချီမရိပ်မိအောင်သူမရဲ့ပျော်ရွှင်မှု့များကို စိတ်ထဲတွင်သာသိမ်းထားရသည်။ သူမနှုတ်ခမ်းကိုကိုက်လိုက်ကာ ဘောလုံးလေးများကို သေချာကြည့်လိုက်သည်။

သူတို့ကအရောင်မရှိဘူး ပြီးတော့သူတို့ကဖောက်မြင်နေရတယ်။ခံစားချက်အသစ်လား?

ရန်လုကျွင်းနှိပ်ကြည့်လိုက်တော့ အဖြူရောင်အကွက်လေးပေါ်လာသည်။

‘ . ‘

အဲ့ဒါလေးသာ သူမတွေ့လိုက်ရသည်။ ထပ်နှိပ်လိုက်လဲ ထိုကထီးကျန်နေတဲ့အစက်လေးသာတွေ့ရသည်။

ရန်လုကျွင်း-?

ရန်လုကျွင်း ရှောင်ဟိုင်စီကိုပြန်သွားလိုက်သည်။ သူ့စီမှာတော့ခဲရောင်နဲ့ အပြာရောင်ဘောလုံးတွေရှိနေတုန်းပင်။ နှိပ်ကြည့်လိုက်တော့ “ငါနောင်တအရမ်းရတယ်” နဲ့  “ငါ့မိသားစုအပေါ်တာဝန်မကျေပွန်သေးဘူး” ဆိုတာပေါ်လာသည်။

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now