Unicode
" ပြန်ရောက်ပါပြီ "
စီးထားသည့် အနီရောင် ရှူးဖိနပ်ကို
ချွတ်လိုက်ကာ ပင်ပန်းနွမ်းနယ်သော
အသံလေးဖြင့် ပြောလာသည်ကို မည်သူမျှ
သတိထားမည့်ပုံမပေါ် ။
ဆက်ခွန် မျက်မှောင်ကျုံ့လိုက်သည် ။
အရင်ကများဆို သူပြန်လာတိုင်း နွေးနွေးထွေးထွေးဖြင့်
ပွေ့ဖက်ဆီးကြိုမယ့်သူဆိုတာ ရှိမြဲရှိစဲပင်မလား ။
ခုများတော့ အရင်နှင့်မတူတော့ချေ ။
အဆိုးဆုံးက ပြည်ပမှာ ရင်းနှီးမြုပ်နှံထားသည့်
အလုပ်ကိစ္စတွေကြောင့် ပါးပါးရောဒယ်ဒီပါ
သူ့အနား မရှိသည်က သူ့အတွက်
အဆိုးဆုံးပင်ဖြစ်နေခဲ့သည် ။
ပါးပါးရောဒက်ဒီရောဆိုပြီး အံ့သြမသွားပါနဲ့ ။
ထိုအရေးကြီးတဲ့ ပုဂ္ဂိုလ်နှစ်ဦးက ကျွန်တော်ကို
မေမေ့ဗိုက်ထဲက ထွက်လာသည်ကတည်းက
သားအရင်းပမာ ပြုစုစောင့်ရှောက်ကာ
မွေးစားခဲ့သူတွေပါ ။
ဒယ်ဒီကတော့ မေမေ့ရဲ့ ေမာင္ပါ ။
သေချာတာကတော့ ကျွန်တော့်ရဲ့ ဦးလေးဒယ်ဒီပါ ။
အင်း ထိုစကားသာ ဒယ်ဒီကြားရင် ဆက်ခွန်အား
စိတ်ဆိုးမည်မှာ အမှန် ။
ထားပါလေ ခုဒယ်ဒီက ဆက်ခွန်အနားမှမရှိတာ ။
ဆက်ခွန် ဟက်ခနဲ ရယ်ချကာ အိမ်ထဲ
ဝေ့ဝိုက်ကြည့်လိုက်၏ ။
ဒီနေ့မှ ဘာလို့ တိတ်ဆိတ်နေတာပါလဲ ။
" အိမ်မှာ ဘယ်သူမှမရှိကြဘူးလား ။
ရှိရင်လည်း ငါ့ရှေ့ထွက်လာပြီး အိမ်ကလူတွေ
ဘယ်သွားကြလည်းဆိုတာပြော ။
ငါခု စိတ်ကြည်လာတာ မဟုတ်ဘူးနော် "
ဆက်ခွန်ရဲ့ မာကျယ်ကျယ်စကားသံအဆုံး
သူရှေ့သို့ ရောက်ရှိလာသည့် အိမ်အကူသုံးယောက်မှာ
လန့်လန့် ဖျပ်ဖျပ် ။။
ဆက်ခွန် သက်ပြင်းဖွဖွ ချလိုက်မိသည် ။
ထိုလူတွေက သူ့ကိုမြင်သည်နှင့် သရဲ ဘီလူးကို
မြင်ရသည့်နှယ် ခေါင်းကိုချည်း ငုံ့ထားတာက
သူ့အမြင် သိပ်အရိုင်းဆန်သည် ။
လူတွေလည်း ခက်သားနော်... ။
စံအိမ်က နန်းတော်သဖွယ် ခမ်းနားသလောက်
အိမ်အကူ အမျိုးသမီးတွေရဲ့ ပုံစံကတော့
သူ့အမြင် နဲနဲမျှပင် ထောင့်ပင်မကျိုး ။
သိပ်ကို အမြင်ကပ်ဖို့ကောင်းလွန်းသည် ။
YOU ARE READING
🖤SWEL'🖤( စွဲ~စြဲ ) ~completed~
Romanceမောင့်ကြောင့်ကျတဲ့ မျက်ရည်တွေကို မောင့်အသက်နဲ့ လဲလိုက်ချင်သလား အချစ်🖤 မောင့်ကြောင့်ကျတဲ့ မျက်ရည်တွေကို မောင့်အသက်နဲ့ လဲလိုက်ချင်သလား အချစ်🖤 7.10.2022🖤 17.3.2023🖤
