part.32(U+Z)

2.6K 131 29
                                        

Unicode

လွန်ခဲ့သော ၅နှစ်ခန့်က>>>

" ဘာ!!! "

    အခန်းထဲ အော်သံသည် စူးခနဲ !

ထိုက်စံသည် လက်ထဲက စာရွက်စာတမ်းတွေအား
ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည် ။

" လူတစ်ယောက်လုံး ပျောက်သွားတာတောင်
တာဝန်ရှိသူတွေက ဘာမှမစုံစမ်းဘူးလားဟမ်! "

" ရှာတယ်ပြောပေမယ့်..."

" စောက်အဓိပ္ပါယ်မရှိလိုက်တဲ့ စကား!
အဲ့ရထားပေါ် ပါမသွားတာရော
ဟိုကောင်မသိဘူးလား ။ ရှာတယ်သာပြောတယ်
ဘယ်လောက်ကြာပြီလဲဟမ်...လုံးဝကို
အဆက်အသွယ်ပြတ်သွားတာတောင်
ဘာမှမဟုတ်သလို နေ,နေကြတာ ၊
တောက်စ်...ဒေါသထွက်စရာတွေကြီး..."

ပြောလည်းပြော တရှူးထိုးထိုးဖြင့် ဒေါသထွက်
နေသူသည် လက်သီးကို ခပ်တင်းတင်းဆုပ်ကာ
ခုံအား တထုထုနှင့် ။

တကယ်ဆို လူတစ်ယောက်လုံး ယုတ္တိမရှိ
ပျောက်သွားတာကို သက်ဆိုင်တဲ့တာဝန်ခံတွေက
တွေ့အောင်ရှာရမှာမလား ။ခုတော့ ရထားပေါ်
ပါသွားလား ၊ မပါလားတောင် မသိ ။
လူကပျောက်နေသည်မှာ ရက်ကြာပြီ ။
စပြီး သတင်းကြားကတည်းက လူဟာဒေါသတွေ
တနုတ်နုတ် ။

ဘာတဲ့...
နေ့စွဲညှို့က သူ့ကောင်လေးနောက် လိုက်သွားတာတဲ့ !

မဖြစ်နိုင်သည့်စကား ။ ယုတ္တိမရှိလိုက်သည့် စကား ။
ဟို ဆက်ခွန်နတ္တရဆိုတဲ့ ကောင်ကရော ဘာကိစ္စ
ကောင်လေးအား မရှာပဲ တန်းပြန်သွားတာလဲ ။
သူချိုးလိုက်သည့် အချိုးက သိပ်ကိုအချိုးမပြေ ။
သူ ကောင်လေးအား လိုက်နေသည်
ဆိုတဲ့စကားကြောင့် ကိုယ့်မှာထိုကောင်လေးအား
တစ်ထစ်လျှော့ကာ နောက်ဆုတ်ပေးနေခြင်း ။
လုယူလို့ ရတာတောင် မလုယူခဲ့တာကို...။

ဒါကို...ဒါကို ဒီကောင်က!

" ဘယ်တော့မှ စေတနာနဲ့ မထိုက်တန်တဲ့ကောင်! "

>>>>

အဲ့နေ့ကစပြီး သူကိုယ်တိုင်ပဲ နေ့စွဲညှို့အား
တွေ့အောင်ရှာသည် ။ နေရာအနှံ့ မြန်မာပြည်ပါ
မကျန် နီးစပ်တဲ့နေရာ မှန်သမျှ သူအကုန်ရှာသည် ။
သူကိုယ်တိုင်လည်း ရှာသလို ၊ လူငှားပြီးလည်းရှာခဲ့တယ် ။
သို့ပေမယ့် မတွေ့ခဲ့ ။ သတင်းမရခဲ့ ။

🖤SWEL'🖤( စွဲ~စြဲ )  ~completed~Where stories live. Discover now