part.20(U+Z)

3.5K 159 13
                                        

Unicode

တစ်ညအိပ်ထိ ကားစီးခဲ့ပြီးသည်နောက်
နယ်စပ်သို့ ကား(၇)နှစ်စီးလုံး ရောက်ရှိလာသည် ။
ခြေကျင်နဲ့သွားရင်တော့ လေး၊ငါးရက်လောက်
တောတွေတောင်တွေဖြတ်သွားရမည်ဟု
နယ်စပ်က လူတချို့ကဆိုသည် ။
ထားဝယ်ကနေဆို ၁၁၄မိုင်လောက်သာဝေးပြီး
ကံပေါက်ကနေဆို၅၂မိုင်လောက်သာဝေးသည့်
မြို့လေး ။
စွဲ တစ်ခါမှမရောက်ဖူးသော်ငြား ထိုနေရာလေးကို
နာမည်ကြားဖူးရုံဖြင့် သိပ်သွားဖူးချင်သည် ။

ခုလည်း ထိုင်းနယ်စပ်သို့ ရောက်ရှိနေတာဖြစ်သည့်အတွက်
အနည်းငယ်စစ်ဆေးရေးများပြုလုပ်နေသည် ။
ကိုယ်ကတော့ စစ်ဆေးပြီးပြီမို့ ကားပေါ်သို့
ရောက်နှင့်နေပြီ ။ မရောက်သေးသည်က ဆက်ခွန် ။
တော်ပါသေးရယ်လို့ ပြောရမလား ။ ဆက်ခွန်
ရောက်မလာသေးတာက သူ့အတွက်
သိပ်ကိုသက်သောင့်သက်သာရှိလှ၏ ။
နားအေးသည်ဆိုရင်လည်းမမှား ။

" ဟူး...ခုမှပဲ နေသာထိုင်သာရှိတော့တယ် "

     စွဲ ကားခုံကိုမှီလိုက်သည် ။ သက်ပြင်းကလေးချကာ
မျက်လုံးလေးအားမှေးစင်းလိုက်ရင်း ခပ်ယဲ့ယဲ့လေး
ပြုံးလိုက်သည် ။ နှာသီးဝသို့ ၀င်လာသည့် ကားရဲ့
ဓာတ်ဆီအနံ့အသက်ကတော့ သူ့အတွက် အနည်းကျဉ်းမျှ
အဆင်မပြေ ။ ကားမူးတာကလည်း အဲတာကြောင့်
ဆိုရင်လည်း မမှား ။

"  စစ်ပြီး ပြီးနေတာကို စောက်ရစ်တွေက
တအားကိုရှည်နေတာပဲ... အနား ဝါးရင်းတုတ်ရှိရင်
တစ်ခါတည်းရိုက်သတ်ပစ်ချင်တာ တကယ် ၊
စောက်ကြက်သားရေတုံးကောင်တွေ..."

     ဆဲဆိုပစ်တင်နေသည့် အသံသည် ကားအတွင်း
ပျံ့လွင့်နေလျက် ။ ဆက်ခွန် တရှူးထိုးထိုးဖြင့်
ကားခုံတွေအား စောင့်ကန်ကာ နေရာသို့အရောက်
ခြေလှမ်းတို့သည်က တန့်ခနဲ ။ အကြောင်းမှာ
ကားခုံပေါ်မှာ သက်သောင့်သက်သာ အိပ်စက်နေသည့်
သူကြောင့်ဆိုရင်မမှား ။ ဒေါသစိတ်သည် မီးကိုရေဖြင့်
ပက်ဖြန်းလိုက်သလို အခိုးငွေ့လေးပင်တောင်မကျန် ။
ဆက်ခွန်နှုတ်ခမ်းလေး ကော့ညွှတ်သွား၏ ။

" တကယ် အိပ်နေတာလေးကိုက ချစ်စရာ "

    ဆက်ခွန် ထိုင်ခုံမှာ အသာလေးဝင်ထိုင်လိုက်သည် ။
စားဖို့ဝယ်လာသည့် လက်ထဲက အချဉ်ထုပ်လေးအား
ကားမှန်ကနေတစ်ဆင့် အပြင်သို့ ပစ်ချလိုက်သည် ။
ခုချိန် မုန့်ဖောက်သံပင်မပြောနဲ့ သစ်ရွက်ကလေး
ကြွေကျသွားသည့် အသံတောင် သူမကြားချင် ။ မကြားချင်ဘူးဆိုတာထက် အိပ်စက်နေသည့်
အန္တရာယ်လှလှလေးအား မနိုးစေချင် ။

🖤SWEL'🖤( စွဲ~စြဲ )  ~completed~Where stories live. Discover now