Unicode
ထိုင်ခုံရင်း၌ စိတ်ပျက်အားလျော့စွာ ထိုင်နေသူသည်
cigaratte တစ်လိပ်ကို လက်ကြားညှပ်ကာ
ပင့်ရှိုက်လိုက်ရင်း အခိုးအငွေ့တွေအား
လေနှင့်အတူ မှုတ်ထုတ်လိုက်သည် ။
တစ်ချက်ထိုး ၊ နှစ်ချက်ထိုးသည်ထိ ထိုနေရာမှာ
ထိုင်ကာ ရင်၌အပြိုးပြိုးအပျက်ပျက်ဖြစ်ခဲ့သော
ခံစားချက်အရင်းခံအား တွေးရင်းတွေးရင်းဖြင့်
ခပ်မဲ့မဲ့ကလေး ပြုံးရယ်သည် ။
" အဟက် သိပ်ချစ်လို့ လုပ်ရက်ခဲ့တာများလား ။
တကယ်ဆိုးတယ်စွဲ...ခင်ဗျား သိပ်ဆိုးတယ် "
ကွဲရှရှအသံအောက် ကြေကွဲခြင်းတွေ ရောဖွဲ့နေကာ
ရင်ထဲက နင့်သည်းနေသည့် ခံစားချက်တွေသည်
အသိအာရုံများထဲ ၀င်တိုးဝေ့လျက် ။
မျက်ရည်သည် ပါးပြင်လွှာထက် ပြိုကျလာတော့
လက်မလေးဖြင့် ဖိသုတ်ကာ အတိတ်က
ရထားပေါ်မှာ အသံတိတ်ငိုကြွေးနေသည့်
ပုံရိပ်အား ပြန်တွေးမိတော့ ရင်ဘတ်ကို
လက်ဖြင့် တစ်ချက်ထုရိုက်ရင်း ခပ်ဟဟရယ်မိပြန်သည် ။
" ရင်တွေ နာလိုက်တာ..."
တွေးကြည့်ရင် ရယ်စရာပေမယ့် ကွဲကြေသွားတဲ့
နှလုံးသားတစ်စုံက ဒဏ်ရာအမာရွတ်ကလေးသည်
သက်ဆိုင်သူ ကုပေးမှ ပျောက်မည့်အလား
ဆက်ခွန်ရင်ထဲ ခုထိ တောင်းတနေမိလျက် ။
နားကျည်းဖို့သက်သက် မုန်းမေ့ဖို့ ကြိုးစားလေ
ရင်ပိုနာလေလေ ။ ခင်ဗျား သိပ်ဆိုးတယ်စွဲ ။
ဘောင်းဘီအိတ်ကပ်ထဲက စက်ပိတ်ထားသည့်
ဖုန်းအား ဆက်ခွန်သည် စက်ပြန်ဖွင့်လိုက်ရင်း
သူ့နံဘေးသို့ ချထားလိုက်သည် ။
ထိုအချိန် တတီတီဖြင့် ၀င်လာသည့်
messages များနှင့် ဖုန်အ၀င်call များကြောင့်
ဆက်ခွန် သက်ပြင်းချရင်း ဖုန်းလေးအား
ကြည့်သည် ။ မင်မင်ခေါ်ထားသည့်အ
၀င် call ပေါင်းများစွာနှင့် ခန့်နောင်ဆီမှ
messages သုံး ၊ လေးစောင်ကြောင့် ဆက်ခွန်
မျက်မှောင်ကြုတ်ရင်း သက်ပြင်းခပ်ယဲ့ယဲ့ချသည် ။
" ဘာတွေ ဒီလောက်အရေးကြီးနေကြတာလဲ "
ထို့နောက် ဆက်ခွန်သည် မင်မင့်ကို အရင်ဖုန်း
ခေါ်ရမလား ၊ ခန့်နောင်ဆီက Messages များကို
အရင်ကြည့်လိုက်ရင် ကောင်းမလားဆိုသည့်
အတွေးဖြင့် စဉ်းစားဟန်ပြင်နေခိုက် Meeting
မ၀င်ခင် ခန့်နောင်ဆီမှ အရေးကြီးစကားကြောင့်
ခန့်နောင် ပို့ထားသည့် အရာများကို အရင်ကြည့်လိုက်သည် ။
ESTÁS LEYENDO
🖤SWEL'🖤( စွဲ~စြဲ ) ~completed~
Romanceမောင့်ကြောင့်ကျတဲ့ မျက်ရည်တွေကို မောင့်အသက်နဲ့ လဲလိုက်ချင်သလား အချစ်🖤 မောင့်ကြောင့်ကျတဲ့ မျက်ရည်တွေကို မောင့်အသက်နဲ့ လဲလိုက်ချင်သလား အချစ်🖤 7.10.2022🖤 17.3.2023🖤
