part.17(U+Z)

3.5K 166 61
                                        

Unicode

" ဒါက ဘယ်သူ့ကုတင်လည်း ကိုကို
အကုန်ပန်းရောင်တွေကြီး...မင်မင်က
အနက်ရောင်ပဲ ကြိုက်တာ ၊ ဒီလိုနူးနူးညံ့ညံ့
အရောင်တွေကို ကြိုက်လို့ကိုမရဘူး "

" ငါမေးတာပဲဖြေစမ်းပါ ၊ မင်း ဘာကိစ္စ
အိမ်ပေါ်က ဆင်းလာတာလဲ "

    ဆက်ခွန်ကမေးတော့ မင်မင်သည် စွဲရဲ့
ကုတင်ပေါ် ပစ်လှဲလိုက်ကာ စွဲရဲ့ ခေါင်းအုံးလေးအား
ရှိုက်၍ရှူလိုက်သည် ။ ပြီးမှ ဆက်ခွန်ဘက်ကို
လှည့်လိုက်ရင်း_

" ပြင်းလို့..."

     အဆုံးသတ်လိုက်သည့်စကား... ။

ဆက်ခွန် ဘာစကားတောင်ဘယ်လို ဆက်ပြောရမည်မသိ
တော့ပါ ။ နောက်ပြီး တစ်သက်နဲ့တစ်ကိုယ် ပြင်းလို့
အိမ်ပေါ်က ဆင်းတယ်ဆိုတဲ့စကား သူ့ဘ၀တွင်မကြားဖူးခဲ့ ။
တကယ် ဒီကလေးနှင့်တွေ့မှ အထူးအဆန်း ။

နောက်ပြီး...

နေစမ်းပါအုံး...ဒီကောင်!

      ဆက်ခွန်သည် ကုတင်ပေါ်က ဂျစ်တူးကောင်ကို
ကြည့်ကာ မျက်မှောင်ကျုံ့လိုက်ရင်း_

" မင်းအဲတာ ဘာလုပ်နေတာလဲ "

   ခေါင်းအုံးကို တရှုံ့ရှုံ့နမ်းနေသူ မင်မင်သည်
ခေါင်းအုံးလေးအား ထိုးပြကာ_

" ဒီခေါင်းအုံးလေးက တော်တော်မွှေးတာပဲကိုကို ၊
သူက ဘယ်သူလဲ "

     မင်မင်သည် ခေါင်းအုံးလေးအားချလိုက်ကာ
ဆက်ခွန်အား ကြည့်လိုက်တော့ သူ့အား
မျက်မှောင်ကုပ်ကာ ကြည့်နေသူ ဆက်ခွန်ရဲ့အကြည့်နှင့်
ဆုံလေသည် ။ အကြည့်တို့သည် လူအားဝါးစားမတတ် ။
မင်မင် ကြက်သီးမွှေးညင်းလေးတွေပင် ထချင်လာသည် ။

တစ်ဆက်တည်း မင်မင်သည် ဟိုကြည့်ဒီကြည့်
ကြည့်ကာ အမှတ်တမဲ့ ဆက်ခွန်ရဲ့လက်မောင်းက
ပလာစတာကပ်ထားတာကို  မြင်လိုက်ရ၍
စူးစမ်းလိုစိတ်ရှိသွားကာ_

" နေပါဦး...ကိုကို့လက်က ဘာဖြစ်တာလဲ "

" မင်းသာ အဲ့ကုတင်ပေါ်က အရင်ဆင်းလာခဲ့စမ်းပါ "

     လက်ယက်ကာခေါ်နေသူသည် ပြေးမဆွဲရုံတမယ်
လူအားပြူးကြည့်ကာ ခေါ်နေတာကြောင့် မင်မင်သည်
လက်ကို ဟန်ပါပါပိုက်လိုက်ရင်း_

🖤SWEL'🖤( စွဲ~စြဲ )  ~completed~Where stories live. Discover now