Unicode
ပြတင်းပေါက်လေးကတစ်ဆင့် ဖြာကျနေသော
ရောင်နီသဲ့သဲ့က ဆက်ခွန်ရဲ့ မျက်နှာပြင်သို့
ထိုးဖောက်ကျရောက်နေလျက် ။
လျော့တိလျော့ရဲ ဖြစ်နေသည့် မွေ့ယာလေးထက်
လှုပ်လှုပ်ရွရွဖြစ်လာကာ မျက်လုံးအစုံအား
ဖျတ်ခနဲ ဖွင့်လိုက်တော့ မြင်လိုက်ရသည့်
မျက်နှာကျတ် အဖြူ ။
ဆက်ခွန် မျက်လုံးအားပွတ်သပ်လိုက်သည် ။
ယခုလက်ရှိဆက်ခွန်ရောက်ရှိနေသည်က
စက္ခရာ နဲ့ ခန့်နောင်တို့အခန်းသာဖြစ်သည် ။
မနေညကတည်းက ဆက်ခွန် ကိုယ့်အခန်းကို
ပြန်မအိပ်ခဲ့ပါ ။ လေးလံထိုင်မှိုင်းနေသော
စိတ်ဓာတ်အဆုံက ညကတည်းက
စိတ်အခြေအနေကို ဆွဲစောင့်ထားသည်မို့
မိမိအခန်းအား ပြန်ဖို့ခြေမလှမ်းချင် ။
အမြဲတမ်းပြောပြောဆိုဆိုနဲ့ အမှားအမှန်တောင်
သိပ်ဂရုမစိုက်ခဲ့မိတဲ့ကိုယ်က ဘာမဟုတ်တာလေးနဲ့၊
မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် အဲ့လူမှားခဲ့တာပဲလေ ။
ကိုယ်လည်းမမှန်ခဲ့ပေမယ့် ရုတ်တရက်ဆန်သွားသည့်
အခြေအနေက ကိုယ့်စိတ်အား ဖျတ်ခနဲ
နာကျင်သွားသည်ကအမှန် ။ ကိုယ်တိုင်သာ
သိသည့် နာကျင်မှုမျိုးမို့ ကိုယ်ချစ်တဲ့သူကပြောတဲ့
ရင့်သီးတဲ့မည်သည့်စကားမဆို ရင်အား
မချိန်ရွယ်ပါပဲ ပစ်ခွင်းလိုက်သည့်မြှားပမာ
အောင့်သက်သက်နှင့် နာသည် ။
ဒီအချိန် အဲ့လူဘာလုပ်နေမလဲ !
သေချာတာပေါ့ စောစောထပြီး အတန်းသွားရင်သွား
မသွားရင် ကန်တင်း ။ အမြဲတမ်း ရှောင်ဖယ်ဖို့ပဲ
တွေးတောနေသည့်လူ ကိုယ်ဘာဖြစ်လို့
ဖြစ်သွားတယ်ဆိုတာတောင် ဂရုမစိုက်တဲ့သူ ။
ကိုယ်ကသာ မစီမဆိုင် စိတ်တွေဆိုး ။
ကောင်းပါတယ်...တကယ်ကို ချစ်ဖို့ ။
" ထဖို့ရှိတာ ထစမ်း ဟိတ်ကောင်!
နာရီကိုလည်းကြည့်အုံး အတန်းချိန်နီးနေပြီ ။
ချီးနဲ...ဒီလောက် နေထိုးနေတာတောင်
မျက်လုံးနှစ်လုံးကို မဖွင့်ဘူး "
" ဖွင့်နေတာ မမြင်ဘူးလားကွာ!
အလကား ပွာကျယ်ပွာကျယ်နဲ့
ကိုယ့်ဘာသာ သွားတက်ပါ့လား ။
ငါက ဒီနေ့မလိုက်ဘူး..."
YOU ARE READING
🖤SWEL'🖤( စွဲ~စြဲ ) ~completed~
Romanceမောင့်ကြောင့်ကျတဲ့ မျက်ရည်တွေကို မောင့်အသက်နဲ့ လဲလိုက်ချင်သလား အချစ်🖤 မောင့်ကြောင့်ကျတဲ့ မျက်ရည်တွေကို မောင့်အသက်နဲ့ လဲလိုက်ချင်သလား အချစ်🖤 7.10.2022🖤 17.3.2023🖤
