part.41(U+Z)

3.1K 139 29
                                        

Unicode

" ပူးပေါင်းဆောင်ရွက်မှုအတွက် ကိုယ်က
ဒီက လူကြီးမင်းများကို အထူးပင်ကျေးဇူးတင်ပါတယ် ။
ကိုယ်တို့ရဲ့ S&S က ခုဆို ပိုမိုပေါ်လွင်လာတော့မှာပါ ။
ခု ကိုယ်တင်ပြထားတဲ့ Project ကိုလည်းတွေ့ပြီး
လောက်ရောပေါ့ ။ နိုင်ငံတကာ ခရီးသွားတွေရဲ့
စိတ်ဝင်စားမှုက ကိုယ်တို့ရဲ့ မြန်မာနိုင်ငံပဲ ။
ဒါကြောင့်မို့ တည်းခိုဖို့အတွက် S&S ကခွဲထွက်မယ့်
Hotel သစ်တွေကို အထင်ကရနေရာတွေမှာ
ဖြစ်စေချင်တယ် ။ လူကြီးမင်းတို့ဘက်ကရော
ဘယ်လိုမျိုး ဖြစ်စေချင်လဲ ။ ဒါက ကိုယ်တစ်ယောက်တည်း
ဆုံးဖြတ်တာထက် လူကြီးမင်းတို့ရဲ့ အမြင်ပါ ပါတော့
ပိုကောင်းမလားလို့ ။ ဟုတ်တယ်မလား ဒီက
ကိုစွဲ မြူ ရိုင်းခဗျ..."

သူ့ပြောမှန်းမသိ နှုတ်ခမ်းအား စူချိတ်နေသည့်
သူကြောင့် ဆက်ခွန် လှစ်ခနဲပြုံးလိုက်မိသည် ။
formal suit အဖြူလေးနှင့် သိပ်ကို ချောမောနေသည့်
အမျိုးသားလေး ။ အမြဲတမ်း ဘုတ်သိုက်ကျကာ
ရှုပ်ပွနေသည့် ဆံနွယ်တွေအား ဘေးသို့ သပ်တင်
ထားကာ စနစ်တကျ ပြင်ဆင်လာပုံသည် သိပ်ကို
လူကြီးလူကောင်းဆန်ဆန် ။ ဒါပေမဲ့ ဘယ်လောက်ပဲ
လူကြီးလူကောင်းဆန်ဆန် သူ့အမြင်မှာတော့
ထိုအန္တရာယ်လှလှလေးက အမြဲကလေးလေးလိုပင် ။

Meeting Room ထဲရောက်သည်ဆိုကတည်းက
လူကိုလည်းမကြည့် ၊ ပြောသမျှစကားတိုင်းကိုလည်း
အင်မလုပ် ၊ အဲမလုပ်နှင့် လူအား အသဲယားအောင်
လုပ်နေသူသည် သိပ်ကိုအပိုးမကျေ ။
ဆက်ခွန်သည် အမူအရာမပျက် ချောင်းတစ်ချက် ဟန့်ကာ စွဲအား မျက်စပစ်လိုက်ရင်းဖြင့်_

" အဟန့်...ကိုယ်မေးနေတယ်လေ "

စွဲက မျက်စောင်းတစ်ချက်ပင့်သည် ။

" လူတိုင်းရဲ့အမြင်ထက် ကိုယ့်အမြင်ကိုပဲ
သေချာသုံးသပ်ကြည့်သင့်ရင် ပိုကောင်းမယ်ထင်တယ် ။
လူတိုင်းရဲ့ အမြင်ကို စုပေါင်းလိုက်မိရင်
အားလုံးရဲ့အမြင်က အမျိုးမျိုးအဖုံဖုံ ထွက်လာနိုင်မှာလေ ။
ဒါကြောင့် အဓိက Project ရေးဆွဲတော့မယ်ဆို
အရင်ကြည့်သင့်တာက ကုန်ကျစရိတ် ၊ ပြီးရင်
တည်းခိုသူတွေအတွက် အဆင်ပြေလောက်နိုင်မည့်
ဈေးနှုန်း ၊ သက်သောင့်သက်သာရှိပြီး view point
ကောင်းတဲ့နေရာမျိုး ဒါမျိုးတွေကို အလေးပေးသင့်တယ် ။
နောက်ပြီး သူတို့သွားလာရေးအတွက်
ယာဉ် ၊ ဒီတစ်ချက်က ကိုယ့်ဘက်က သေချာလေး
စီစဉ်ပေးကြည့်မယ် ဆိုရင်ရော..."

🖤SWEL'🖤( စွဲ~စြဲ )  ~completed~Dove le storie prendono vita. Scoprilo ora