Unicode
" ဘာတွေရွဲ့ဖို့တွေးနေတာလဲ ပြောပါဦး "
ဘေးနား ပခုံးချင်းမထိရုံတမည် ရပ်ကာဆိုလာသည့်
ဆက်ခွန်ရဲ့ စကားကြောင့် စွဲက ခပ်ဟဟကလေး
ရယ်လိုက်ကာ ဆက်ခွန်လက်ထဲက သစ်သားပြား
လေးအား မေးဆတ်ရင်း စကားလမ်းကြောင်း
လွှဲဖို့ရာပြင်သည် ။
" အဲတာဘာလဲ "
" ကျုပ်မေးတာဖြေမှ ခင်ဗျားမေးတာဖြေမယ် "
ဒါသည် ညစ်တာ ။ စွဲ ခေါင်းသာ ခပ်ယေးယေး
ယမ်းခါလိုက်သည် ။
" မင်းကို မချစ်တော့ပဲ ထားခဲ့မို့လေ "
ဆက်ခွန် စွဲအားစေ့ခနဲ ကြည့်သည် ။
လခြမ်းကွေးပမာ ထူထပ်နေသော မျက်ခုံးတန်း
နှစ်ခုသည် အလိုမကျသွားဟန်ဖြင့် စုကြုတ်သွားသည် ။
ပြောသူက ပြီးစလွယ်ပြောလိုက်ပေမယ့် ကြားရသည့်
သူအဖို့ ထိုစကားသည် အဆိပ်အတောက်တစ်ခုကဲ့သို့ပင်
မသောက်မိရင်တောင် တဆစ်ဆစ်နာသည် ။
" လုပ်ကြည့်လိုက်လေ...ထားခဲ့ ရဲရင်ထားခဲ့ကြည့်လိုက်၊
ကမ္ဘာပေါ်မှာ ကျုပ်အမုန်းဆုံးယောက်ျားက
ခင်ဗျားဖြစ်သွားမယ် "
"ရင့်လိုက်တာ ငါ့ကို မင်းက အရင်ထားခဲ့ရင်ရော "
" သေတောင် မဖြစ်နိုင်တဲ့စကား ၊ စိတ်ကူးမပြောနဲ့
အိပ်မက်ထဲတောင် တစ်ခါမှ ထည့်မမက်ဘူး "
စွဲက နှစ်ခြိုက်စွာ ပြုံးလိုက်တော့ ဆက်ခွန်က
အလိုမကျဟန်ဖြင့် စွဲအားကြည့်ရင်း_
" ဘာရီတာလဲ..."
" ဘာမှ မဟုတ်ပါဘူး...ဒီလိုပဲ "
" ပေါ့ပေါ့ပျက်ပျက်တွေ မလုပ်စမ်းနဲ့ စွဲ ၊
ကျန်တာ သည်းခံပေးလို့ရပေမယ့် အချစ်နဲ့
ပတ်သက်ရင် စသလိုနောက်သလိုတွေ
မပြောနဲ့...ကျုပ်မကြိုက်ဘူး "
တိကျပြတ်သားသည့် ခပ်မာမာအသံအောက်
စွဲမှာ အောက်နှုတ်ခမ်းလေးကို ခပ်တင်းတင်း
ဖိကိုက်လိုက်သည် ။ ဘေးချင်းကပ်အနေထားမို့
မျက်လုံးထောင့်စွန်းမှ မြင်နေရသည့် ဆက်ခွန်ရဲ့
ပုံရိပ်သည် ဒေါသရိပ် စွန်းထင်နေသည်ဆိုတာ
သူသိ၏ ။
သူမှားသွားခဲ့ပြီလား ။
သူ့အပြောအဆိုက ဆက်ခွန်ရဲ့ ဒေါသစိတ်ကို
ဆွပေးသလို ဖြစ်နေခဲ့ပြီလား ။
သေချာသည် သူမှာသွားခဲ့ပြီဆိုတာပင် ။
ESTÁS LEYENDO
🖤SWEL'🖤( စွဲ~စြဲ ) ~completed~
Romanceမောင့်ကြောင့်ကျတဲ့ မျက်ရည်တွေကို မောင့်အသက်နဲ့ လဲလိုက်ချင်သလား အချစ်🖤 မောင့်ကြောင့်ကျတဲ့ မျက်ရည်တွေကို မောင့်အသက်နဲ့ လဲလိုက်ချင်သလား အချစ်🖤 7.10.2022🖤 17.3.2023🖤
