၁၀

128 34 11
                                    

ဆံပင်အဖြူနဲ့ ကောင်လေး

ရှိရှိသမျှ လူတိုင်း၏ မျက်ခုံးများက အလေးအနက်ကို တွန့်ကွေးသွားလျက်သား။

မြတ်သော်က ပြောစကားများက မှားမနေခဲ့ပါချေ ၊ သူတို့၏ အကွာအဝေးက အနည်းငယ်မျှ လှမ်းနေခဲ့ပါသည့်တိုင် ဖရန့်ကလင်း ဆွဲလာသည့် အရာက လူတစ်ယောက်၏ ခန္ဓာကိုယ်ဖြစ်ကြောင်းကိုတော့ အတိုင်းသား တွေ့မြင်နေနိုင်ပါသေး၏။ သာမန် အိပ်ပျော်နေရုံလောက်သာဆိုလျှင် ဤမျှ တရွတ်တိုက်ဆွဲခံလာရလျှင် သေချာပေါက် နိုးသွားလိမ့်မည်သာ။ ဆေးခတ်ခံထားရလျှင်တော့ မပြောတတ်ပါချေ။

ဖရန့်ကလင်းဟာ ထိုလူ၏ ခန္ဓာကိုယ်ကို ဆွဲရင်း အိမ်နောက်ဖေးထံသို့ ချိုးသွားသည့်အခါ သူတို့ ဆက်ပြီးတော့ မမြင်ရပါတော့ပေ။

" ဘာလုပ်မလဲ "

မိုးဝသန်က သျှိုင်းခထံသို့ လှမ်းမေးလိုက်သည့်အခါ သျှိုင်းခက မတိုင်းမဆွပင် ပြန်ဖြေလာခဲ့သည်။

" သစ်ကိုင်းခြောက်တွေ သစ်ရွက်ခြောက်တွေ မနင်းမိအောင် ခြေလှမ်းကို သတိထား ၊ ဖြစ်နိုင်ရင် အသံတစ်ချက်လေးတောင်မှ မထွက်စေနဲ့ ၊ သူတို့ အိမ်နောက်ဖေးဆီကို လိုက်ကြမယ် "

သျှိုင်းခစကားကို ကြားလိုက်သည့်အခါ အကုန်လုံး ခေါင်းညိတ်ပြလိုက်ရင်း သျှိုင်းခ၏ ဦးဆောင်မှုနောက်သို့ အကန့်အကွက်မရှိ လိုက်သွားခဲ့ကြလေသည်။

မြေပြင်က ညီညာနေပြီး ဆူးညှောင့်ခလုတ် သိပ်ပြီး မရှိလှသည်မှာ သူတို့အဖို့ ကံကောင်းခြင်း ဖြစ်ပါလိမ့်မည် ၊ ထို့အပြင် သူတို့ အဆောက်အဦနားကဲ့သို့ သစ်ရွက်ကြွေများလည်း များများစားစား မရှိခဲ့လေသောကြောင့် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အိမ်၏ ထောင့်ချိုးထံသို့ ချဥ်းကပ်ခြင်းဟာ ခက်ခဲသည့် ကိစ္စတော့ မဟုတ်ခဲ့ရ။

သူတို့လေးယောက်လုံး အိမ်၏ ထောင့်ချိုးနားသို့ ကပ်လိုက်ပြီး ကြည့်လိုက်ချိန်တွင် ဖရန့်ကလင်းနှင့် အိုလစ်ဗီယာက သိပ်ပြီးတော့ မဝေးလှသည့်‌ နေရာတွင် ရှိနေခဲ့ပါသဖြင့် အနည်းငယ်မျှ ထိတ်လန့်သွားရသည်။ တစ်ချက်လှည့်ကြည့်လိုက်ရုံဖြင့် အတိုင်းသား မြင်သွားနိုင်လောက်သည့် အနေအထားပင်။

Le Reve || The DreamWhere stories live. Discover now