၃၀

128 24 5
                                    

ကျစ်ဆံမြီး

" ကိုယ့်ရဲ့ ဇနီးလေးက ဒီနေ့လည်း အရင်လို လှနေတုန်းပါပဲလား "

လက်ဖမိုးထက်သို့ ရောက်ရှိလာသည့် အနမ်းတစ်ချက်နှင့်အတူ ရင်းနှီးလွန်းလှသည့် လေသံကြောင့် အလင်္ကာဟာ စက္ကန့်ပိုင်းလောက်မျှ ကြောင်အမ်းသွားရလေသည်။ သို့သည့်တိုင် မျက်နှာအမူအရာကမူ တစ်ချက်ကလေးမှ မပျက်သွားခဲ့ပါချေ။

အစေအခံ ဖြစ်သူ၏ ပြောစကားအရဆိုလျှင် သူဟာ သျှိုင်းခအပေါ် စိတ်မကြည်မလင် ဖြစ်နေရမည့် အနေအထား ဖြစ်လေသည့်အတွက် ချက်ချင်းဆိုသလိုပင် သျှိုင်းခ၏ လက်ဖဝါးကို ရိုက်ပြီးတော့ ဖယ်ချပစ်လိုက်လေ၏။ သူ မှန်းထားသည့် အပြုအမူတစ်ခု ဖြစ်နေသည့်အလားပင် သျှိုင်းခကလည်း ဖွဖွလေး ပြုံးနေရုံမှလွဲ ဘာမှ မတုံ့ပြန်ခဲ့။

" သခင်လေး မနက်စာ စားဦးမှာလား "

အဲလီယာဟာ သူတို့နှစ်ယောက်ကြားမှ အနည်းငယ် တင်းမာနေသည့် ဆက်ဆံရေးကို တံတွေးတစ်ချက်မျိုကာ ကြည့်လိုက်ပြီးနောက် စကားလမ်းကြောင်းပြောင်းပေးဖို့ ကြိုးစားရှာသည်။

" နွားနို့တစ်ခွက်လောက်ဆို ရပြီ "

သျှိုင်းခ အဖြေကို ကြားသည့်အခါ အဲလီယာက ခေါင်းငုံ့ပြရင်း မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့လေ၏။ အခြား အစေခံများကလည်း အလိုက်သိလှစွာဖြင့် ထမင်းစားခန်းထဲမှ အသီးသီး ဖယ်ခွာသွားလျက်သား။

ထိုမှသာလျှင် အလင်္ကာက သျှိုင်းခကို အလိုမကျစွာဖြင့် စိုက်ကြည့်လာခဲ့၏။

" ခင်ဗျားက ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ "

" အဲ့ဒါက ကိုယ် မင်းကို ပြန်မေးရမှာ မဟုတ်ဘူးလား ၊ မင်းက ဘာဖြစ်လို့ အမြဲတမ်း ကိုယ့် အိပ်ရာပေါ် ရောက်နေရတာလဲ "

ချက်ချင်းဆိုသလိုပင် အလင်္ကာ၏ မျက်နှာထက်တွင် ဒေါသများက ရိပ်လွှမ်းသွားခဲ့သည်။

" ခင်ဗျား! စကားကို မလွတ်မလွတ်နဲ့ မပြောနဲ့ "

သျှိုင်းခကမူ ဘာကိုမှ နားမလည်နေသည့် မျက်နှာလေးဖြင့်။

" ကိုယ် ဘာပြောမိလို့လဲ ၊ အရင်တစ်ခေါက်တုန်းကလည်း မင်းက ကိုယ်နိုးလာတော့ ‌ဘေးမှာ ရောက်နေတယ် ၊ အခုလည်း ကိုယ် နိုးလာတော့ မင်းက ‌ဘေးမှာ အိပ်နေတယ်လေ "

Le Reve || The DreamWhere stories live. Discover now