၂၅.၅

164 24 6
                                    

ယောက်ျားလေးနှစ်ယောက် အတူတူ အိပ်တာပဲ ဘာများ လန့်စရာ ရှိလို့လဲ

ဓာတ်လှေကားထဲမှ ထွက်လိုက်သည်နှင့် သူတို့ ယာယီနေရမည့် အခန်း၏ တံခါးက သူတို့ကို ဆီးကြိုလို့နေခဲ့သည်။ အလင်္ကာဟာ ခပ်တည်တည်ဖြင့်ပင် သူ့လက်ထဲတွင် ရှိနေသည့် သော့ကတ်ကို သုံးလိုက်ကာ အခန်းထဲသို့ ဝင်သွားခဲ့၏။ နောက်တွင်ကျန်ရစ်နေခဲ့သည့် သျှိုင်းခက မည်သို့မည်ပုံ ကျန်ရစ်ခဲ့လေသလဲ ဆိုသည့်အကြောင်း တစ်ချက်ကလေးတောင် စိတ်မဝင်စားခဲ့။

အခန်းကမူ နှစ်ယောက်အတူတူ နေဖို့အတွက် လောက်ငှလှသော အကျယ်အဝန်းတစ်ခု ရှိလေပြီး နံရံကိုမူ အဖြူတစ်ဝက် အမည်းတစ်ဝက် သုတ်ထားလေသည့်အတွက် အမြင်ရှင်းရှင်းနှင့် လှပနေသည့် ခံစားချက်ကို ပေးစွမ်းလို့နေခဲ့သည်။ မည်သူမှ အသုံးပြုထားခြင်း မရှိလောက်ဟု ထင်ရလောက်အောင်ကို အခန်းထဲ၌ သစ်လွင်နေသော အနံ့တို့က ခပ်သင်းသင်း။

သို့သည့်တိုင် အလင်္ကာဟာ အခန်းထဲသို့ ဝင်ဝင်လိုက်ချင်းမှာတင် အတော်လေးကို ကြီးမားလှသည့် ပြဿနာတစ်ခုကို ရင်ဆိုင်လိုက်ရလေသည်။

" ဘယ်လိုလုပ်ပြီးတော့ ခုတင်က တစ်လုံးတည်းလဲ! "

အံ့အားသင့်မှုအပြည့်ဖြင့် ပြောလိုက်သည့် အလင်္ကာ၏ စကားသံကို ကြားလိုက်ရသည့်အခါ သျှိုင်းခကလည်း အ‌နောက်မှတစ်ဆင့် ခေါင်းပြူကာ ကြည့်လိုက်ပြီးနောက် မှန်းဆနှင့်ပြီးသား ဖြစ်နေသလို အပြုံးမျိုးဖြင့် ပြုံးလာခဲ့၏။

" သူတို့တွေက တစ်ခန်းထဲမှာ နှစ်ယောက်အတူတူ နေလို့ရနိုင်ပါတယ်လို့ပဲ ပြောတာလေ ၊ နှစ်ယောက်နေဖို့အတွက် လုပ်ထားတဲ့ အခန်းလို့မှ မပြောထားပဲ ၊ ဒီလောက်တော့ ရှိမှာပေါ့ "

သျှိုင်းခဟာ ဒီလိုမျိုး အခြေအနေ ဖြစ်နေလောက်မည်ဟု ကြိုတွေးထားသဖြင့်များ တမင်တကာ သူ့ကို အခန်းအတူတူ နေဖြစ်အောင် လုပ်ခဲ့လေသလားဟုတောင် အလင်္ကာဟာ စိတ်ထဲ၌ မယုံသင်္ကာ ဖြစ်မိလာပါတော့သည်။ သို့သည့်တိုင် ကျွံပြီးသည့် စကားကို ပြန်နှုတ်ဖို့ရာမှာလည်း အဆင်မပြေပါသဖြင့် မီးစင်ကြည့်ကဖို့ရာအပြင် မတတ်နိုင်ခဲ့ပါတော့ချေ။

Le Reve || The DreamWhere stories live. Discover now