အပိုင်း ၂

1.3K 144 8
                                    

(Unicode)

After 15 years later

"တီး...တောင်...တီး...တောင်"

အပြင်ဘက်က ဘဲလ် သံကြောင့် ဆွဲလက်စ
ပန်းချီကားကို ခေတ္တထားခဲ့ကာ အခန်းထဲမှထွက်လာခဲ့လိုက်သည်။ ဒယ်ဒီနဲ့မာမားက အပြင်သွားနေတာမလို့
သူကလွဲ၍ ပြန်ပြောမည့်သူမရှိခြင်းကြောင့်ဖြစ်သည်။

"Hey bro!"

တံခါးဖွင့်လိုက်သည်နှင့် အော်ပြောကာ ဖက်လာတဲ့
လူကြောင့် ခဏကြောင်သွားပေမယ့် သူလည်းပြန်ဖက်ထားလိုက်သည်။

"သိမ့် ဘယ်တုန်းက ပြန်ရောက်တာလဲ"

သိမ့်နွယ်နီ။အမေရိက မှာ သိရတဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သလို၊ မြန်မာလူမျိုးလည်းဖြစ်သည်။

"မနက်ကပဲ...သိမ့်ကို အိမ်ထဲခေါ်ပါအုံး ကြယ်ကြယ်ရာယ်"

"လာလာ"

အိမ်ထဲ၀င်ပြီးနောက် တံခါးကိုပြန်ပိတ်လိုက်ပြီး
သူ့အခန်းဆီ အတူသွားကာထိုင်လိုက်ကြသည်။

"ဘယ်လိုလည်း ပျော်ခဲ့ရဲ့လား သိမ့်"

"ပျော်တာထက်ကိုပိုတယ်ဟဲ့ သိမ့်ကောင်မလေးတွေနဲ့အပြင်မှာတွေ့လိုက်ရတော့ သိမ့်သူတို့ကိုတကယ်မြတ်နိုးတာထက်ကိုမြတ်နိုးသွားရတယ်"

Idol concertကပြန်လာတဲ့ သိမ့်တစ်ယောက်ကတော့ တကယ်ပျော်နေပုံပါပဲ။

"ဟုတ်ပါပြီ သိမ့်ရာယ်"

သူက ပြောရင်း ဆွဲလက်စ ပန်းချီကားကိုလက်စသတ်ဖို့ရာ ပြန်ပြင်ဆင်နေသည်။

"ကြယ်ကြယ့် ရဲ့ မမက တကယ်လှတယ်နော်"

သိမ့်စကားဆိုတော့ သူက ပြုံးလိုက်သည်။
မျက်၀န်းဝိုင်းဝိုင်းတွေ မှေးမှိတ်သည်အထိ ပြုံးနေတဲ့
ပန်းချီကားထဲက မမဆိုသူကို အသာအယာငေးနေလိုက်သည်။မျက်မှန်တစ်လက်နဲ့ ကာရံခံထားရ‌တာတောင် လှပလွန်းတဲ့ မျက်၀န်းတွေက သူ့ကို တရစ်ရစ်ညို့ငင်လို့နေသည်။

"ဒါနဲ့ မမဆီမပြန်သေးဘူးလား ကြယ်ကြယ် ပြန်ရင် သိမ့်လည်း လိုက်ခဲ့မယ်နော်"

သူ ဘာမှမပြောပဲ ခပ်ပြုံးပြုံးကြည့်ကာ ဘေးကစာအိတ်လေးကို သိမ့်ဆီကမ်းပေးလိုက်သည်။
သိမ့်ကတော့ ဘာများလဲဆိုသည့် အမူအရာဖြင့်
စာအိတ်ကို ဖွင့်ဖောက်နေသည်။

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now