အခန်း ၁၁

1.1K 116 15
                                    

(Unicode)

"မမ"

"ဟင်!"

အလန့်တကြားဖြစ်သွားဟန်ကြောင့် သိမ့်က
နားမလည်စွာ ကြည့်နေသည်။ မမက ချက်ချင်းပင်
သိမ့်ကိုပြုံးပြလိုက်သည်။ အစအဆုံးကြည့်နေတဲ့ တံခွန်ကတော့ ပြုံးတုံ့တုံ့နဲ့သာဖြစ်နေတော့သည်။

"ဘာလို့လန့်သွားတာလဲ မမရယ် သိမ့်က ကြောက်စရာကောင်းနေလို့လား"

"ဟို...မဟုတ်တာ သိမ့်ရဲ့..အစ်မ အလုပ်ကိစ္စလေးတွေးမိသွားလို့ပါ"

"အလုပ်ကိစ္စတွေကို အခုလိုအချိန်တွေမှာ ခဏမေ့ထားလေနော် အချိန်တိုင်းလိုက်စဉ်းစားနေရင် မမပင်ပန်းတာပေါ့"

အက္ခရာ သက်ပြင်းကလေးချမိသည်။
သံသယ၀င်ပုံမပေါ်တဲ့ သိမ့်ကြောင့် အခုမှပဲ အသက်ရှူနိုင်တော့သည်။

"ဟုတ်ပါပြီ သိမ့်ရယ်"

စားသောက်ကြပြီးတော့ သုံးယောက်အတူ စကားခဏပြောကာ ပြန်ရန်ပြင်ရသည်။

"လိုက်မပို့နဲ့တော့နော် သိမ့်...နောက်မှအေးဆေးတွေ့ကြရအောင်"

"ဟုတ်ကဲ့မမ ဂရုစိုက်ပြန်ပါနော်"

တံခွန်တို့ အတူ ပြန်ထွက်လာကြသည်။
နှစ်ဦးစလုံးစကား တစ်ခွန်းမှမဆိုမိကြပေ။
ကားတံခါးကိုဖွင့်ပေးတော့ မမက အလိုက်သင့်လေး
ပြုံးပြကာ ကားထဲ၀င်ထိုင်သည်။
တံခွန် လည်း တစ်ဖက်သို့သွားကာ ၀င်ထိုင်လိုက်သည်။ ထို့နောက် မမကို ထိုင်ခုံခါးပတ် ပတ်ပေးလိုက်ပြီး ပြုံးပြလိုက်သည်။

"မမ"

"ရှင်"

ခပ်တိုးတိုး မမအသံကြောင့် တံခွန် ပြုံးမိသွားသည်။

"ရှက်နေတုန်းလား...ဟင်.."

အက္ခရာ ဘာမှမပြောပေ။ တံခွန့်ကို ငဲ့ကြည့်လိုက်ကာ
မျက်နှာလွှဲသွားခဲ့သည်။

"မောင့် မိန်းကလေးက အရှက်သည်းလိုက်တာကွယ် နောက်ဆို မောင်တော့ ဆင်ခြင်မှပါ"

"မောင်က ဘာကိုဆင်ခြင်မှာလဲ"

"မမအရှက်ပိုစေမယ့်အရာ...အရာရာပေါ့"

"မလိုတာ...မိန်းကလေးပဲ ရှက်မှာပေါ့ ဆင်ခြင်စရာလိုသလား"

"ဒါဆို မောင်က မိန်းကလေးမဟုတ်ဘူးလား "

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now