အခန်း ၁၈

1.1K 109 24
                                    

(Unicode)

"ကြယ်ကြယ် ထမင်းစားကြရအောင်လေ တနေကုန်လဲ အခန်းထဲကမထွက်ဘူး အစားလေးတော့၀င်အောင်စားပါဦး"

ဘာတုန့်ပြန်သံမှမရတာကြောင့် သိမ့်သက်ပြင်းဖွဖွချမိသည်။ အက္ခရာ နဲ့ဖုန်းပြောပြီးတည်းက တလျှောက်လုံး ငိုနေခဲ့တာ၊ အခုလည်း နေပင်စောင်းတော့မည် အခန်းအောင်းကမစားမသောက်နေနေသည်ကြောင့် ကျန်းမာရေးထိခိုက်မှာစိုးရိမ်နေရသည်။

"အခုလိုနေနေလို့ ပြီးသွားမှာမဟုတ်ဘူး ကြယ်ကြယ်၊ မမအက္ခရာဆီသွားတွေ့ပြီး ရင်ဆိုင်ဖြေရှင်းသင့်တာ ဒီတိုင်းနေနေရင် ကိုယ်ဘဲကျန်းမာရေးထိခိုက်မှာ အဲ့ကြရင် မမကိုပိုင်ဆိုင်ဖို့ ဘယ်လိုကြိုးစားမလဲ"

သိမ့် နောက်တစ်ကြိမ် သက်ပြင်း ချလိုက်မိသည်။

"သိမ့်... အိမ်အတွက်လိုအပ်တာတွေသွား၀ယ်လိုက်ဦးမယ်နော်  စားပွဲပေါ်မှာ ကြာဇံပြုတ်ပေးထားခဲ့တယ် ကြယ်ကြယ်စားရင်နွေးစားလိုက်နော်"

သိမ့်လဲ အသေအချာပြောကာ အခန်းရှေ့မှ ထွက်ခဲ့လိုက်သည်။ ဧည့်ခန်းဆီထွက်လာကာ ဆိုဖာပေါ်က ဘေးလွယ်အိတ်လေးကို ကောက်ကာ လွယ်လိုက်သည်။

"ယနေ့မိုးလေ၀သခန့်မှန်းချက်များအရ ရန်ကုန်မြို့နှင့်အနီးတဝိုက်မှာမိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်နှင့်အနီးတဝိုက်မှာတော့ တိမ်ထူနိုင်ပါတယ်ရှင်"

တီဗီမှာ လာနေတဲ့မိုးလေ၀သသတင်းကို နားထောင်ရင်း အပြင်ဘက်ကိုကြည့်‌လိုက်တော့ အုံ့မှိုင်းနေတဲ့တိမ်တွေက ကောင်းကင်ကို အုပ်စိုးနေကြသည်။

"မိုးရွာတော့မယ်ထင်တယ် ထီးယူသွားမှပါလေ"

ခုံပေါ်က ရီမုဖြင့် တီဗီကိုပိတ်ကာ ထွက်လာခဲ့လိုက်သည်။

တဝေါဝေါစီးကျနေရေစက်တွေကိုကြည့်ရင်း တစ်စုံတစ်ယောက်ကိုထိုင်စောင့်နေမိသည်။
ခဏအကြာတွင်တော့ ထီးတစ်ချောင်ကို မိုးရေတွေကြားမလုံ့တလုံ စောင်းရင်းရောက်လာပြီ။
ထီးကိုပိတ်ကာ ဆိုင်ရှေ့က ‌ထီးထည့်ရာပုံ့ထဲသို့ အကျအနထိုးထည့်နေသည်ကို သေချာကြည့်နေမိသည်။ ထို့နောက် ဆိုင်ထဲ၀င်လာတဲ့ခြေလှမ်းတွေ...။

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now