အခန်း ၁၆

980 102 12
                                    

(Unicode)

နှစ်တစ်နှစ်ရဲ့ ပထမလအစတွေက ဒီလိုတွေပင်ပန်းရတယ်တဲ့လား။ ဟေမာန်ဆောင်းက အချမ်းပိုသလို၊ အလွမ်းလဲ ပိုရပါတယ်မောင်။

ပြတင်တံခါးကနေ အက္ခရာအပြင်ဘက်ကို
ခပ်ငေးငေးကလေးကြည့်နေလိုက်သည်။

"မြူတွေ မှိုင်းနေတာဘဲ မောင်၊ ဒီမနက်မှ ပိုအေးစက်နေသလိုဘဲ။"

အတွေးတွေကို ခါထုတ်ပစ်ကာ အလုပ်သွားရန်သာ ပြင်ဆင်မိသည်။ စက္ကန့်တိုင်းလွမ်းရပါတယ်ဆို
ရှင်မယုံဘူးဆိုတာ ကျွန်မသိနေပါတယ် မောင်။

"သမီး မနက်စာစားသွားလေ"

"မစားတော့ဘူး မေမေ အက္ခရာ ရုံးမှာ အလုပ်လေးရှိလို့"

အမေဖြစ်သူကိုနှုတ်ဆက်ကာ အက္ခရာ ထွက်လာခဲ့လိုက်သည်။ အညိုရောင် ၀မ်းဆက်နဲ့ အက္ခရာက
ဆံပင်တွေကိုတော့ ကျစ်ဆံမြီး ကျစ်ကာ ထားသည်။
မျက်မှန်ဝိုင်းဝိုင်းအောက်က မျက်၀န်းတွေမှာတော့
လွမ်းရိပ်တွေက ပိုင်စိုးနေကြသည်။
လက်ကိုင်အိတ်လေးလွယ်က ဖိုင်တွဲကိုတော့
ရင်၀ယ်ပိုက်ထားလိုက်သည်။

ဖိနပ်စင်ကကတ္ထီပါ ဖိနပ်လေးတစ်ရံထုတ်ရင်း
တွေဝေမိရပြန်သည်။ မောင့် မျက်၀န်းတွေကို ရင်ဆိုင်ဖို့မဝံ့ရဲတဲ့အချိန်တိုင်းမှာ မြင်ကွင်းထဲရောက်လာတတ်တဲ့ ကျွန်မရဲ့ ခြေဖမိုးတွေ...။
အခုတော့ ဘေးနားမှာ မောင်မရှိ။
အနီးအနားတွင်လည်း မောင်မရှိ။

မုဒိသာ ဆိုတဲ့ အက္ခရာတို့နေအိမ် လမ်းကလေးကနေ လမ်းမကြီးပေါ် ရောက်ဖို့ ငါးမိနစ်လောက်တော့ လမ်းလျှောက်ရဦးမည်။

ဝေ့ဝဲတိုက်လာတဲ့ ဆောင်းလေရူးက ပေါ်နေတဲ့ လက်မောင်းသားတွေကို အေးစက်စေသည်။
အရေပြားကအသိပေးတဲ့အတိုင်း အေးစက်တဲ့ဒဏ်ကို ဦးနှောက်ကခံစားမိတော့ လက်သွယ်သွယ်တွေက
ပိုက်လျက်သားဖြစ်သွားသည်။
အက္ခရာဆီမှာ အပေါ်ထပ်ပါမလာခဲ့ဘူး။
နောက်ကြောင်းပြန်လှည့်ပြီးလဲ မယူချင်ပါ။

မြင်ကွင်းကိုတောင်ကြည်ကြည်လင်လင် မမြင်နိုင်ဘဲ
ထူပိန်းနေတဲ့ မြူတွေကြားမှာ တရွေ့ရွေ့လှမ်းနေမိသည်။ ဒီမြူတွေကျော်လို့ ဟိုဘက်မယ် ကြည်လင်တဲ့အခါ မောင်များရပ်စောင့်နေလေမလားလို့
ရူးမိုက်စွာ စိတ်ကူးမိသည်။
ဇန်နဝါရီလက ဒီဇင်ဘာထက်ပိုအေးနေတယ်မောင်။
ဆောင်းတွင်းမလို့ ကျွန်မတို့အိပ်မက်ဆိုးတွေ
မက်နေကြတာပါ။ အိပ်မက်ကလန့်နိုးတဲ့အခါ
မောင်က အက္ခရာကို ဖက်ထားမဟုတ်လား မောင်...။

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Onde histórias criam vida. Descubra agora