အခန်း ၆

1.3K 124 7
                                    

(Unicode)

မီးရောင်ပျပျနဲ့ မျက်နှာကျက်ကို မှင်သေသေ ကြည့်နေတဲ့ တံခွန်ဟာ ယခုအချိန်ထိအိပ်မပျော်နိုင်သေးပါ။
တံခွန် ညဘက်ကော်ဖီသောက်တဲ့အခါ အိပ်မပျော်တတ်ဘူးလေ။ ဒါပေမယ့် မမ တိုက်တဲ့ကော်ဖီတစ်ခွက်ကိုတော့ တံခွန်အိပ်မပျော်တတ်ဘူးဆိုတဲ့
အကြောင်းပြချက်နဲ့ မငြင်းပယ်ချင်ပါ။
တံခွန့်အတွက် အိပ်စက်ခြင်းဆိုတာ မမလောက်မှအရေးမပါတာ။ မမလောက်မှ အရေးမကြီးတာ။

"ဟူး...တံခွန် မမကိုချစ်လိုက်တာ"

မျက်နှာကျက်မှာပေါ်နေတဲ့ အပြုံးရိပ်ကလေးတွေကို
ကြည့်ရင်း တံခွန် ခပ်တိုးတိုးဆိုမိသည်။
မျက်လုံးတွေစုံမှိတ်ရင်း အိပ်ဖို့ကြိုးစားကြည့်သည်။
အရာမထင်စွာ မမပုံရိပ်ကလေးက တံခွန့်ကို
ပြုစားနေပြန်သည်။ အိပ်မရခြင်းတွေက ဘာကြောင့်များလဲ။ ကော်ဖီကြောင့်လား အတွေးတွေထဲပေါ်ပေါ်လာတတ်တဲ့ မမပုံရိပ်ကလေးကြောင့်လား။
တံခွန်ကိုယ်တိုင်လည်း ဝေခွဲမရတော့ပါ။

"အိပ်လို့မရတော့ဘူး "

ဆတ်ခနဲ ထထိုင်ကာ တံခွန်ခပ်တိုးတိုးဆိုရင်း ပြုံးမိသည်။ အိပ်ရာပေါ်မှဆင်းလိုက်ကာ သိမ့်အခန်းဆီ ထွက်လာခဲ့လိုက်သည်။

"ဒေါက်‌ ဒေါက်"

"တံခွန် ဘာလို့လဲ"

တံခွန်တံခါးခေါက်တော့ သိမ့်က ချက်ချင်းဖွင့်ပေးကာ စကားဆိုလာသည်။

"သိမ့် ...သိမ့်ရဲ့ သနပ်ခါးတုံးတွေကို တံခွန့်ကို ပြန်ရောင်းပေးပါလား"

"ဘာလုပ်မလို့လဲ ကြယ်ကြယ်..."

လက်ဆောင်ပေးဖို့ဆိုပြီး သိမ့်၀ယ်လာတဲ့ သနပ်ခါးတုံးတွေကို တံခွန် တောင်းလိုက်တော့ သိမ့်က နားမလည်သလိုကြည့်လာသည်။

"တံခွန်လုပ်စရာလေးရှိလို့ပါ"

"ပြန်၀ယ်စရာမလိုပါဘူး ကြယ်ကြယ် လိုချင်ယူလေ"

တံခွန်ခေါင်းညိတ်ပြတော့ သိမ့်က အခန်းထဲပြန်၀င်သွားကာ သနပ်ခါးတုံးတွေထည့်ထားတဲ့ ခပ်ကြီးကြီး
အိတ်တစ်ခုကို ယူလာခဲ့သည်။

"အင့်...နောက်ကျနေပြီစောစောအိပ်နော် ကြယ်ကြယ်"

"အင်းပါ"

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now