အခန်း ၇

1.3K 129 7
                                    

(Unicode)

အက္ခရာ မေ့မျောနေတဲ့ တံခွန့်ကို ငေးလျက်သာရှိနေသည်။ ဖြူဖျော့နေတဲ့ နှုတ်ခမ်းတွေနဲ့ နီရဲနေတဲ့နှာခေါင်းလုံးလုံးလေး။ တံခွန့်ကို သေချာကြည့်မိတော့လည်း လှပတဲ့ မိန်းမငယ်လေးတစ်ဦးပါ။
ထိုမိန်းမငယ်လေးက အက္ခရာကို ချစ်နေသတဲ့လား။

"sorry မမရာယ်...သိမ့်တို့ကြာသွားတယ်"

ပြန်ရောက်ပြီဖြစ်တဲ့ သိမ့်က အခန်းထဲ၀င်၀င်ချင်းမှာပင်အားနာဟန်နှင့်တောင်းပန်စကားဆိုသည်။
ကိုခန့်ကိုတော့ အတူမတွေ့ရပါ။

"ရပါတယ် သိမ့်...ကိစ္စမရှိပါဘူး"

အက္ခရာ ခပ်ပြုံးပြုံးဆိုတော့ သိမ့်ကပါ ပြန်ပြုံးပြသည်။

"ဟုတ် ဒါဆို မမလဲ ပြန်တော့လေ အလုပ်ပြန်သွားရအုံးမှာမလား အောက်မယ် အစ်ကို စောင့်နေတယ်"

"အင်း အစ်မပြန်မယ်နော် ပရိုဂရမ်လေးတစ်ခုရှိနေလို့"

"ဟုတ်ဟုတ် ဂရုစိုက်ပြန်ပါမမ"

အက္ခရာက အပြုံးတစ်ခုဖြင့် အသိအမှတ်ပြုကာ
တံခွန့်ကို လှမ်းကြည့်သည်။ ပြီးနောက် အခန်းထဲက နေထွက်လာခဲ့သည်။ အောက်ထပ်မှာစောင့်နေတဲ့ ကိုခန့်နဲ့အတူ ကားပါကင်ဆီလာကာ ရုံးသို့ပြန်ခဲ့လိုက်သည်။ အက္ခရာ ဆက်နေချင်ပေမယ့် ဖြတ်လို့မရတဲ့ အင်တာဗျူးလေးတစ်ခုက ရှိနေသေးတော့ မပြန်မဖြစ်မလို့ပြန်လာခဲ့ရသည်။

"အက္ခရာ မျက်နှာလဲမကောင်းဘူး နေမကောင်းလို့လား"

ကိုခန့်ရဲ့ စကားကြောင့် အပြင်ဘက်ကိုငေးနေတဲ့ အက္ခရာလှည့်ကြည့်မိသည်။

"ကောင်းပါတယ် ကိုခန့်..."

ကိုခန့်က ဘာမှဆက်မပြောတော့ပေမယ့် အက္ခရာကိုဆက်အကဲခတ်နေဟန်ပင်။

အလုပ်သို့ရောက်ပြီးခဏအကြာတွင်တော့
အက္ခရာ ရင်ဖွင့်ရာ ဆိုတဲ့ ပရိုဂရမ်ရိုက်ကူးရေးစတင်ရသည်။ အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့
ဆယ်ကျော်သက်လူငယ်တွေဆီမှာဖြစ်လေ့ရှိတဲ့
အုံ့ပုန်း အချစ်ကို ပွင့်လင်းလာစေရန်ရည်ရွယ်ခြင်းဖြစ်သည်။ ပါ၀င်သူက လူတိုင်းဖြစ်နိုင်ပြီး သူတို့ရဲ့ အုံ့ပုန်းဇာတ်လမ်းတွေကို အမေးအဖြေလုပ်ရခြင်းဖြစ်သည်။ ထိုအစီအစဉ်ရဲ့ presenter က အက္ခရာဖြစ်သည်။

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now