Extra (မောင့်အက္ခရာ)

1.9K 108 14
                                    

(Unicode)

အိပ်တစ်၀က်နိုးတစ်၀က်မှ တဖြေးဖြေး မျက်ခွံတို့မှာ
ပွင့်ဟလာခဲ့တော့ မျက်စိရှေ့တွင် ဖြူဥဥလည်ပင်းသားတို့ကို အတိုင်းသားမြင်လိုက်ရသည်။
ထွေးပွေ့ထားသူကို အသာအယာမော့ကြည့်မိတော့
အကြည့်စူးစူးတွေကို ဖုံးအုပ်ထားတဲ့ စင်းသွယ်နေသော မျက်တောင်များမှာ စိတ်ကိုကြည်လင်စေသည်။

"မောင်"

ခပ်တိုးတိုးလေးခေါ်မိတော့ မောင့်ရဲ့မျက်ခွံတွေက လှုပ်ခတ်လာပြီး ပိုမိုကာ ပွေ့ပိုက်နေသည်။

"နိုးနေပြီမလား မောင်"

"ဟင့်အင်း မနိုးသေးဘူးထင်တယ်မမ"

မောင့်ရင်ခွင်ဆီနဖူးအပ်ကာ အက္ခရာ ရယ်မိသည်။
လက်ချောင်းထိပ်ဖျားများဖြင့် အရှေ့က ခပ်ငယ်ငယ်ရင်အုပ်ကလေးကို ရိုက်လိုက်သည်။
မောင့်နှုတ်ခမ်းတွေပြုံးနေကြောင်းကိုလဲ ထိကပ်နေသည့် ဆံစများမှတစ်ဆင့်ခံစားရသည်။

"နေထွက်တဲ့အချိန်ကနေစပြီး နေ၀င်သွားတဲ့ထိ မောင့်ကိုဘဲချစ်နေချင်တယ်"

မောင့်ရင်ဘတ်ဆီမှ tattoo လေးကိုဖွဖွနမ်းရင်း ခံစားချက်များကို၀န်ခံမိတော့ မောင်က မျက်နှာချင်းဆိုင်ကာ အက္ခရာမျက်၀န်းတွေထဲသေချာစိုက်ကြည့်၏။

"ဒါဆို ကျန်တဲ့ သန်းခေါင်ယံအချိန်တွေမှာ မောင်က မမကိုချစ်ပေးမယ်"

"မောင်က သန်းခေါင်ယံဘဲချစ်မှာပေါ့"

"ဟင်းဟင်း...မောင်လေ မမကိုချစ်လိုက်တာ"

ခပ်စူစူဖြစ်နေတဲ့ အက္ခရာနှုတ်ခမ်းတွေမှာ ပြေလျော့သွားရသည်။ရုတ်တရက် မျက်နှာညိုးသွားသည်ကြောင့် တံခွန်ထထိုင်လိုက်ကာ အက္ခရာမျက်နှာလေးကို လက်ဖဝါးဖြင့်အုပ်ကိုင်လိုက်သည်။

"ဘာဖြစ်လို့လဲ မမ၊ မောင် အမှားတစ်ခုခုများလုပ်မိလို့လားဟင် မောင် မမကိုစက္ကန့်တိုင်းမှာ ချစ်ရတာပါ"

"မောင်..."

"အင်း မောင်နားထောင်နေတယ်နော်"

"မောင်က...မောင်က လကုန်ရင် ဟိုကိုအပြီးပြန်တော့မှာမလား"

"ဘယ်လို မောင်ကအပြီးပြန်မယ်"

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now