အခန်း ၉

1.4K 133 4
                                    

(Unicode)

အငွေ့တထောင်းထောင်းထွက်နေခဲ့တဲ့ နှပ်ကော်ဖီ
နှစ်ခွက်ဟာလည်း အေးစက်ကြကုန်ပြီ။
ကော်ဖီတွေကို ထိတွေ့ဖို့ထက် ချစ်ခြင်းကို တို့ထိမိဖို့သာ နှစ်ဦးစလုံး အားသန်နေကြခြင်းကြောင့် ဖြစ်လိမ့်မည်။

ခေါင်းကလေး ငုံ့နေခဲ့တဲ့အက္ခရာက ခပ်ပြုံးပြုံးလေးရှိနေသည်။ အပေါ်ကိုပြန်မော့ကြည့်ကာ တံခွန်နဲ့ မျက်လုံးချင်း ခေတ္တ ဆုံစေပြီးမှ ဘေးကိုအကြည့်လွှဲကာ မျက်နှာတစောင်းနေနေသည်။
ထိုအမျိုးသမီးဆီမှာ သိပ်လှတဲ့ ရှက်ပြုံးကလေးတွေ
ဖြစ်တည်နေလို့ရယ်။

တံခွန် အားတင်းကာ အရဲစွန့်ပြီး စားပွဲပေါ်မှာ ရှိနေတဲ့
အက္ခရာ၏ဖြူလှလှ လက်ကလေးထံ လက်လှမ်းမိသည်။ နူးညံ့စွာဆုပ်ကိုင်လိုက်တော့ တံခွန့်ကို
မျက်လုံးအဝိုင်းသားဖြင့်ပြန်ကြည့်လာသည်။
တံခွန် မမကို လှိုက်လှဲစွာပြုံးပြတော့ မမက မျက်နှာကို ပြန်လွှဲသွားသည်မှာ ပါးမို့မို့တွေတောင် နီရဲလို့။

တံခွန်သည်လည်း အနေရခက်စွာ မဆိုင်သော
ကော်ဖီနှစ်ခွက်ကိုသာ ငေးစိုက်ကြည့်နေလိုက်သည်။

"အက္ခရာ"

အသံကြောင့် တံခွန်ရော အက္ခရာပါ ဟန်နေဟန်ထားပျက်စွာ ဆုပ်ကိုင်လျက်သား လက်တွေကိုပါ
ဖြုတ်လိုက်ကြသည်။

"ညီမလေးတံခွန်ပါ ရှိနေတာကို သိမ့်ရော မပါလာဘူးလား"

"ဟုတ်ကဲ့ အစ်ကို သိမ့်က ကိစ္စလေးရှိလို့ကျန်နေခဲ့တာ"

ရုတ်တရက်ရောက်လာတဲ့ သတိုးခန့်ကြောင့်
အ‌ခြေအနေတွေက ရောက်ယက်ခက်ကုန်‌သည်။
ကိုခန့်ကတော့ ဘာမှမသိသလိုပင် ပြုံးရွှင်စွာ ခုံ၌၀င်ထိုင်သည်။

"ကိုယ် အက္ခရာ ကို လိုက်ရှာနေသေးတာ မတွေ့တာနဲ့ ဒီကိုထွက်ခဲ့တာ အခုလို ဆိုက်ဆိုက်မြိုက်မြိုက်ကိုတွေ့ရတော့တယ်"

"ကိစ္စရှိလို့လား ကိုခန့်"

အက္ခရာရဲ့ တည်ငြိမ်တဲ့အပြောကြောင့် ကိုခန့်ကရုပ်ပျက်သွားပေမယ့် ချက်ချင်းပြန်ကာပြုံးပြသည်။

" ဒီတိုင်း ဘာကိစ္စမှတော့မရှိပါဘူး"

"အော်..."

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now