အခန်း ၁၀

1.3K 120 7
                                    

(Unicode)

"အက္ခရာ"

"ပြောလေ ကိုခန့်"

ခေါ်သံကြောင့် အက္ခရာ မျက်၀န်းတွေကို လပ်တော့ပ်ဆီမှ ခွာကာ မော့ကြည့်လိုက်တော့ ကိုခန့်ဖြစ်နေသည်။

" အစ်မခေါ်ခိုင်းလို့ ခဏလာခဲ့ပါအုံးတဲ့"

"အော်...အက္ခရာသွားလိုက်ပါ့မယ်"

အစ်မဆိုဟူသည်မှာ မန်နေဂျာအမျိုးသမီးဖြစ်ပြီး
တစ်ရုံးလုံးကတော့ အစ်မဟုသာသုံးနှုန်းကြသည်။

"အစ်မ..အက္ခရာကိုခေါ်တယ်ဆိုလို့"

အက္ခရာအခန်းတံခါးခေါက်ပြီး၀င်သွားတော့
အလုပ်ရှုပ်နေတဲ့ အစ်မက တစ်ချက်မော့ကြည့်လာသည်။

"ထိုင်လေ အက္ခရာ..."

"ဟုတ်"

ရှေ့ခုံမှာပဲ အက္ခရာ ၀င်ထိုင်လိုက်သည်။

"ဒီလိုပါ ဒီနှစ် newyearအတွက် countdown liveရှိတာသိတယ်မလား၊ အစ်မတို့ entertainmentကဦးစီးပြီးလုပ်မှာဆိုတော့ စင်အပြင်အဆင်တို့စက်ပိုင်းဆိုင်ရာနဲ့ presentation အပိုင်းတွေကို ကြိုစီစဉ်ထားရတော့မယ်လေ အာ့တာ အက္ခရာကို presenterအပိုင်းတာ၀န်ပေးချင်လို့"

"ဟုတ်ကဲ့ အက္ခရာ ပြင်ဆင်ထားလိုက်ပါ့မယ်"

"ပြီးတော့ စင် အတွက် ဆောက်လုပ်ရေးအပိုင်းကိုအပ်ထားတဲ့ အင်ဂျင်နီယာလေးက အက္ခရာနဲ့ ရင်းနီးတယ်ဆိုတော့ စစ်ဆေးတာလေးပါ ကူညီပါအုံး အက္ခရာ၊ အစ်မလည်း တခြားကိစ္စတွေနဲ့ရှုပ်နေလို့ပါ"

"အာ ဟုတ် ဒါနဲ့ အင်ဂျင်နီယာဆိုတာ ဘယ်သူများလဲအစ်မ"

" son brother companyက ကြယ်တံခွန်ဆိုတာလေ အက္ခရာသိတယ်မလား"

အက္ခရာ ...တံခွန့် နာမည်ကိုကြားသည်နှင့် ပြုံးမိသည်။ ချစ်ရသည့်အခါ ဘာ‌ကလေးပဲဖြစ်ဖြစ် ပြုံးနေမိတော့တာပါဘဲ။ ရေရေရာရာမရှိပါဘဲနှင့်လည်း
တစ်ကိုယ်တည်း ပြုံးဖြီးနေတတ်သေးတာမလား။

"ဟုတ် အက္ခရာ သိပါတယ်"

"အင်း အာ့တာပြောချင်လို့ပါ"

"ဒေါက် ဒေါက် အစ်မ အင်ဂျင်နီယာ ကြယ်တံခွန်ရောက်နေပါတယ်"

တံခါးခေါက်သံနဲ့အတူ အပြင်က ပြောသံကြောင့်
အစ်မက အက္ခရာကိုလှမ်းကြည့်သည်။

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now