အခန်း ၁၄

989 95 12
                                    

(Unicode)

လူရယ်လို့ဖြစ်လာရင် အိုရ၊ နာရ၊ သေရဖို့အတွက်
ရှေ့ပြေးတာ၀န်တွေတသီကြီးကို ထမ်းဆောင်ကြရတယ်။ ဒီလိုသံသရာမှာ ချစ်ရေစက်ကလေး ရှိလာပုံကလည်း အတော် သိမ်မွေ့လာသည်။

'အချစ်' လို့ပြောရင် ကြည်နူးစရာလို့ အများစုက
တွေးဖြစ်ကြမှာပင်။ တကယ်တော့ အချစ်ဆိုတာ
လှလှပပလေးနာကျင်စေမယ့် ချောက်ကမ်းပါး
တစ်ခုလိုဘဲ။ နွံလိုရုန်းမရနိုင်၊ ထောင်ချောက်လို
မိတာနဲ့ လွတ်လမ်းမရှိတော့တဲ့ အရာတစ်ခုပေါ့။

သို့ပေမယ့် အချစ်ဆိုတာ ကြည်နူးမှုကလေးတွေကိုလည်းပေးစွမ်းနေသေးရဲ့။ ဘာနဲ့မှမတူတဲ့ ကြည်နူးမှုကလေးတွေ။ ရင်ကိုတလှပ်လှပ်နဲ့ မရိုးနိုင်စေမယ့်
ဒဏ်ရာလေးတွေ...။

ဟိုသီချင်းထဲကလိုပေါ့လေ၊
ငြုပ်သီးလိုမျိုး ကြိုက်လွန်းသူတိုင်း
ကိုယ့်ဒုက္ခ ကိုယ်ရှာတယ်လို့ ဆိုမလားကွယ်၊
အဲ့လိုပေါ့ ဒုက္ခလှလှ‌ကလေးတွေကို ကိုယ်တိုင်ရှာဖွေတတ်ကြတာ လူသားတွေပဲမလား။

ဟိုဟိုဒီဒီလျှောက်တွေးနေရင်း မမ မျက်နှာကို
ဖျတ်ခနဲ မြင်ယောင်မိတော့ အလိုလိုပြုံးရသည်။
အဲ့လိုလေးလည်း စွမ်းဆောင်နိုင်ပါသေးသည်။

မိန်းမချင်း ချစ်ကြိုက်တာကို ၀ဋ်ကြွေးလို့သတ်မှတ်ရင် တံခွန်ကိုယ်တိုင် ဦးတိုက်ခံယူမိတဲ့ ၀ဋ်ကြွေးလေးပင်။ သဘာ၀ကိုလွန်ဆန်တာမလို့ ဒါဟာရောဂါပါဆိုရင်လည်း တံခွန်ကိုယ်တိုင် တကူးတက
ကူးစက်စေခဲ့တဲ့ အမြတ်တနိုးရောဂါလေးဖြစ်သည်။
၀ဋ်ကြွေးမကျေချင်သလို၊ ရောဂါလည်းမပျောက်ချင်ဘဲ၊ မမဆိုတဲ့ အဲ့ဒီအမျိုးသမီးကိုသာ ချစ်ချင်သည်။
အချစ်ဟာ ဒဏ်ရာဆို နာကျင်စေသူက မမသာ
ဖြစ်ပါစေလေ။

အတွေးစတွေကြောင့် အကြာကြီးငိုင်နေမိတဲ့ တံခွန်က
ယခုမှပင် အသိပြန်လည်တော့သည်။ဘေးဘီကို
ဝေ့ဝဲကြည့်မိတော့ မှိုင်တိုင်တိုင်ဖြစ်နေတဲ့ သိမ့်တစ်ယောက် ၀ရံတာကိုလှမ်းငေးနေလေသည်။

"သိမ့်!"

တံခွန် အနားသွားကာ ပုခုံးကိုပုတ်ရင်း ခေါ်တော့
သိမ့်က မအီမသာမျက်နှာဖြင့်ပြန်ကြည့်လာသည်။

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now