အပိုင်း ၃

1.3K 134 7
                                    

(Unicode)

"ဒါဆို အစ်မ သွားတော့မယ်နော် ညီမလေးတို့ကို ကျေးဇူးတင်ပါတယ်"

အက္ခရာ ကကားပေါ်မှမဆင်းခင် ကျေးဇူးတင်စကားဆိုရင်း ပြုံးပြသည်။ ကြားမှာ သိမ့်ရှိနေသည်တောင်
အက္ခရာရဲ့ ကိုယ်သင်းနံ့ကို တံခွန်အတိုင်းသား
ခံစားရပါသည်။

"မမကဒီမှာလုပ်တာလား သိမ့်တို့က ဟိုးရှေ့က companyမှာလုပ်တာလေ အဲ...သိမ့်ဆိုတာထက် ကြယ်ကြယ်လုပ်တာပါ သိမ့်က ကပ်လိုက်လာတာ"

ပြုံးစိစိပြောနေတဲ့ သိမ့်ဟာ စကားအလွန်များတတ်တဲ့မိန်းကလေးဖြစ်လိမ့်မည်။ အက္ခရာအလျင်လိုနေတာမလို့ ပြန်သာပြုံးပြလိုက်သည်။

"အင်း အစ်မ သွားပြီနော်"

တရွေ့ရွေ့ဝေးကွာသွားတဲ့ ကျောပြင်ငယ်ဟာ
တံခွန့်ကိုလွမ်းစေသည်။
မမက တံခွန့်အပိုင်လေးဖြစ်လိုက်ရမှာ။

"ကြယ်ကြယ် အာ့တာ ကြယ်ကြယ့်မမ မလား အပြင်မှာ ပိုလှတယ် မမက"

"ဟုတ်တယ်နော် သိမ့်...  တံခွန့်ရဲ့ ပန်းချီကားတွေက
မမကိုတော့ဘယ်မှီနိုင်ပါ့မလဲလေ"

သိမ့်ကတော့ ခပ်ပြုံးပြုံးရာယ်သာ။
ကြည်နူးမှုတွေက ခံစားတတ်ရင် ကူးစက်ဖို့ရာအလွယ်လေးမလား။ သိမ့်အနေနဲ့တံခွန့်ရဲ့ ကြည်နူးမှု
တွေကို ခံစားမိနေမှာအသေအချာ။

။။။။။။။။။

"အက္ခရာ မဆင်းသေးဘူးလား ၁၂ ကျော်နေပြီ"

Managementအပိုင်းက ကိုသတိုးခန့် လာခေါ်မှသာ
အက္ခရာ အချိန်တွေကို သတိထားမိတော့သည်။

"ဟုတ်တယ် ကိုခန့်...အက္ခရာမေ့နေတာ မနက်ဖြန်အတွက် presentationအပိုင်းတွေကြိုလုပ်နေတာနဲ့"

"အင်း အာ့တာကိုခနထားနော် အခု ကိုခန့်နဲ့ အောက်မှာ lunchသွားစားရအောင်"

"ရပါတယ် အက္ခရာ ဒါလေးလက်စသတ်ပြီးမှဆင်းတော့မယ်"

ကိုခန့်က သူ့ကိုကြည့်ကာ ရာယ်နေသည်။

"ဒါဆို ကိုယ် အရှေ့မှာစောင့်နေမယ် ပြီးရင်ထွက်ခဲ့နော် အတူသွားကြမယ်"

အက္ခရာလည်းမငြင်းသာတာကြောင့် ခေါင်းညိတ်ပြလိုက်ရသည်။

အက္ခရာ အလုပ်တွေပြီးတော့ ၁ နာရီပင်ထိုးတော့မည်။ဖိုင်တွဲတွေကိုသေချာစုလိုက်ပြီး လက်ကနာရီကိုတစ်ချက်ကြည့်လိုက်သည်။
အက္ခရာက နာရီတွေကိုသဘောကျသည်။
အမျိုးအစားစုံ ၊ အရောင်အသွေးစုံတဲ့ နာရီတွေ
အက္ခရာဆီမှာအများအပြားရှိသည်။

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now