အပိုင်း ၂၀

1.6K 117 5
                                    

(Unicode)

~မေ့မရခင် စိတ်မှာစွဲ ညခင်ဆည်းဆာလေးပါဘဲ
~မင်း..လမ်းခွဲသွားတယ်
~နှုတ်ခမ်းဖျားမှာတောက်ပတဲ့အပြုံးနဲ့
~ဘာကြောင့် မျက်လုံးမှမျက်ရည်ကျလဲ
~နှလုံးသားတွေ ကွဲကြေပြီ မပြောလဲသိတယ်....

Bluetooth speaker မှထွက်လာတဲ့ သီချင်းသံက
လွင့်လူးနေတဲ့ ဆံနွယ်တွေနဲ့အတူ ပျံ့လွင့်‌နေကြသည်။

ထူးအိမ်သင်ရဲ့ သီချင်းတွေကို အက္ခရာ သိပ်ကြိုက်လာသည်။ အထူးသဖြင့် မောင်မရှိတော့တဲ့နောက်၊
မောင်နဲ့ဝေးကြရပြီးနောက်ပိုင်းတွေမှာပေါ့။
ရုံးပိတ်ရက်မို့ အက္ခရာ အိမ်မှာဘဲ သီချင်းတွေဖွင့်ကာ
မောင့်ကို ကြာကြာကလေး လွမ်းမိသည်။

သီချင်းသံတွေကြား မောင့်မျက်နှာကလေး၊ မောင့်အမူရာကလေး၊ ချစ်တယ်လို့ တဖွဖွ ပြောတတ်တဲ့မောင့်နှုတ်ခမ်းပါးကလေး၊ ပါးပြင်ကို ယုယုယယနမ်းတတ်တဲ့ မောင့်နှာဖျားကလေး။ အရာရာက အက္ခရာအတွက်တော့ မြတ်နိုးစဖွယ် အမှတ်ရနေတုန်းပင်။

'အိပ်မက်...သာဆို ဘယ်လောက်ကောင်းလိုက်မလဲ'

သီချင်းသံအတိုင်း ခပ်စစတွေးမိသည်။
ဝေးကွာခြင်းတွေဟာ အိပ်မက်ဆိုရင် နိုးထလာတဲ့အခါ မောင့်ကို လွတ်မသွားအောင်ဖက်ထားမိမယ်။

~မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ်..
~မနေ့က ငါသေဆုံးသွားခဲ့...
~ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ် ဘယ်မှာလိုက်လို့ရှာမလဲ
~ကြင်နာသူနင်မရှိတဲ့နောက်တော့

ပါးပြင်ပေါ်ကျဆင်းလာတဲ့ မျက်ရည်စက်တွေက
လိမ်းကြံထားတဲ့ သနပ်ခါးပေါ်ဖြတ်ပြေးကာဖြင့်။

မျက်ရည်တွေကို သတိထားမိတော့မှ ကယောင်ကတမ်း သုတ်ရင်း မတ်တပ်ထရပ်မိသည်။

ကုတင်ပေါ်မှသည် မှန်တင်ခုံရှေ့မှ ထိုင်ခုံဆီသို့...။
ဟိုတစဒီတစ အတွေးတွေနှင့်ပင် တမ်းတရသည်။
မောင်ထွက်သွားးတာ ခုနှစ်နှစ်။
ကျွန်မထားခဲ့မိတာ ခုနှစ်နှစ်။
မောင်နဲ့ကျွန်မတို့ ခုနှစ်နှစ်တာဝေးကွာခဲ့ကြပြီးပြီ။
ဆက်လက်ပြီးလဲ ဝေးကွာနေတုန်းပင်။
အခုဆို အက္ခရာ အသက် လေးဆယ်ပြည့်ဖို့
သုံးနှစ်သာလိုတော့သည်ဖြစ်သည်။
ရပ်ကွက်ထဲက ချာတိတ်တွေကတော့ ကျွန်မကို
ခေါ်တာ အပျိုကြီးတဲ့။ မောင်နဲ့မှမဟုတ်ရင်
ဘယ်သူ့ကိုမှ အိမ်ထောင်ဦးစီးမတင်နိုင်တဲ့
အပျိုကြီး တစ်ကိုယ်တည်း ပေါ့လေ။
သိပ်လွမ်းတယ်မောင် ။ လွမ်းရပါတယ်။

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now