အခန်း ၁၉

1.1K 106 12
                                    

(Unicode)

မပူလှ မအေးလှသော သင့်တင့်တဲ့ရာသီဥတုကလေး။
လွမ်းရဆွေးရ သိပ်ကောင်းမယ့်ဟန်ပင်။
မှိုင်းညို့နေတဲ့ တိမ်စိုင်တွေနဲ့အတူ ကောင်းကင်က
အုံ့မှိုင်းနေပေမယ့် သာသာယာယာတော့ ရှိလှပါသည်။
ဆောင်းလေရူးကတဖြူးဖြူးတိုက်ခတ်နေသည်မှာ
မိုးနံ့လေးတွေတောင်သင်းလာသလိုလို။

"ကြယ်ကြယ်"

တံခါးကိုခေါက်ရင်း သိမ့်ခေါ်တော့ တုန့်ပြန်သံမကြားရပေ။ဒီရပ်၀န်းတိတ်ဆိတ်နေခဲ့တာ ဘယ်လောက်တောင်ကြာနေလောက်မလဲ။ ဒီနေ့က မမရဲ့လက်ထပ်ပွဲနေ့ ။အမျိုးသားတစ်ဦးရဲ့အပိုင်လေးအဖြစ်မမကရှိနေမှာကို သိမ့်တောင်နှမျောတွန့်တိုရသည်။
တံခွန်‌သာဆို ဘယ်လောက် မချိတင်ကဲ ခံစားနေရရှာမလဲ။ ချစ်ခြင်းတွေမှာ နားလည်မှုတွေ အပြည့်အ၀တည်ရှိရမည်ဆိုတာကိုပါ သိမ့် သိလာရသည်။

"ကြယ်ကြယ် ဒီနေ့ မမရဲ့လက်ထပ်ပွဲကို မသွားဘူးမလား"

သိမ့်စကားဆုံးတော့ တံခါးတစ်ချပ်က အလိုလိုပွင့်လာသည်။ နောက်ကွယ်မှာ နွမ်းနယ်စွာရပ်နေတဲ့
တံခွန်က မျက်တွင်းတွေနက်နေကာ မေးတွေပါချောင်ကျနေသည်။ ကြည့်ရဆိုးနေသယောင်ပေမယ့်
Women suit အညိုလေးကိုမှအောက်ခံအဖြူရောင်‌နှင့် တံခွန်မှာ ချောမောနေသည်။
ရွှေအိုရောင် ဆံနွယ်လိပ်တွေကို ထိုအတိုင်းသာ
ချထားသည်။ မိတ်ကပ်ခပ်ပါးပါးနှင့် တံခွန်မျက်နှာက
လူမမာရုပ်ထက်တော့ အနည်းငယ်သားနားနေသည်။

"ကြယ်ကြယ်..."

သိမ့်က ဂရုဏာသက်စွာ တိုးတိုးကလေးခေါ်ရင်း လက်တွေကိုဆုပ်ကိုင်လာသည်။

"သွားရအောင်လေ သိမ့်"

တံခွန် ပြုံးကာ ခေါင်းအသာညိတ်ပြရင်းတိုးညှင်းစွာ
ပြောလိုက်သည်။

"ရရဲ့လား သိမ့်တို့မသွားဘဲ..."

"တံခွန်တွေ့ချင်တယ်"

သိမ့်စကားမဆုံးခင်ပင် ဖျော့တော့စွာပြောလာသည်။

"သတို့သမီး၀တ်စုံနဲ့မမကို တံခွန်မြင်ချင်တယ် သိပ်လှနေမယ့် တံခွန့်ရဲ့မမကို တံခွန်သွားကြည့်ချင်တယ်"

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Onde histórias criam vida. Descubra agora