အခန်း ၄

1.3K 129 5
                                    

(Unicode)

"အက္ခရာရေ ဒီဘက်ကို ကျောက်ကျောနဲ့ လဘ္ဖက်ပန်းကန်လေးယူခဲ့ပေးအုံး"

ချစ်အာရုံက တစ်ဖက်မှာရှိနေတဲ့ အက္ခရာကိုလှမ်းအော်ပြောသည်။ အက္ခရာခေါင်းညိတ်ပြကာ
အနောက်သို့သွက်သွက်ကလေးလျှောက်သွားလိုက်သည်။ ၀တ်လာတဲ့ နီညိုရောင် ယောထဘီလေးရဲ့အနားသားတွေက လှုပ်ခတ်လို့၊ ရင်ဖုံးဇာအဖြူလေးနဲ့ အက္ခရာကယဉ်ယဉ်ကလေးနဲ့တကယ်လှသည်။
မိတ်ကပ်ပါးပါးပေါ်တွင် ပါးကွက်လေး လိမ်းထားဟန်မှာ နီသွေးနေတဲ့နှုတ်ခမ်းပါးတွေဖြင့် အလွန်လိုက်ဖက်နေတော့သည်။

"သိမ့် ...အစ်မကို ကျောက်ကျောနဲ့ လဘ္ဖက်ပန်းကန်လေးကမ်းပေးအုံး"

"ဟုတ် မမ တစ်ပန်းကန်ဆီပဲလား"

"ဟုတ်တယ် သိမ့်..."

"အက္ခရာ သမီးမေမေရောက်နေတယ်"

အက္ခရာ သိမ့်ကိုပြန်ဖြေနေတုန်း ပုံမမှီရဲ့အသံမှာလည်း ပျံ့လွင့်လာခဲ့သည်။

"ဟုတ်ကဲ့ ဆရာမ"

အက္ခရာ မိခင်ကအလှူလာခြင်းဖြစ်တာကြောင့်
အက္ခရာ အရှေ့သို့ထွက်ကြိုရပါလိမ့်မည်။

"တံခွန် အစ်မကို အာ့ဒိပန်းကန်လေးတွေယူခဲ့ပေးပါလား"

ပထမဆုံး တံခွန့်ကိုတိုက်ရိုက်ပြောနေတာကြောင့်
တံခွန် ခပ်ကြောင်ကြောင်ဖြစ်နေမိသည်။

"ကြယ်ကြယ် ဘာဖြစ်နေတာလဲ ပြန်ဖြေလိုက်လေ မမပြောနေတာကို"

"ဟမ်...အော် ဟုတ်ဟုတ် မမ... တံခွန်သယ်ခဲ့လိုက်ပါ့မယ်"

သိမ့် သတိပေးလာမှသာ တံခွန်မှာ အသိ၀င်ရသည့်အဖြစ်။ သုံးစက္ကန့်လောက်အတွင်း တံခွန့်စိတ်တွေကို
ဖမ်းစားသွားနိုင်ခဲ့တာ။

"မေမေ ဒီမှာထိုင် သိပ်မစားနဲ့နော် သွေးတိုးနေမယ်"

"အင်းပါ သမီးရာယ် မေမေသိပါတယ်"

တံခွန် ရောက်တော့ အက္ခရာက အမေဖြစ်သူနှင့်စကားတွေပြောနေသည်။

"မမ"

တံခွန်လှမ်းခေါ်တော့ အက္ခရာကငဲ့ကြည့်လာသည်။

"အော် တံခွန်...တစ်လက်စတည်းအာရုံ့ကို သွားပေးလိုက်နော် အစ်မ မေမေ့ကိုစောင့်ပေးချင်လို့"

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now