II

589 71 15
                                    

"အိုက်မာ﹒﹒မင်းအဲ့ဒါကို အခုချထားစမ်း﹒﹒ချ!"

"ကိုကိုက ငြိုငြင်နေတာလား﹒﹒"

အောင်မယ်လေးနော်!ငါတော့ ရူးချင်တာပဲသိတယ်။ ညနေကတင် ဆေးရုံကနေ ယူလာတဲ့ သွေးနမူနာcollectionတွေကို ဖဲချိုးသလို ဆော့နေလို့ ပြောမိတဲ့ငါကပဲအမှားလိုလို။

တလောကလည်း ငါ့ဆေးပုလင်းတွေကို ဆက်ကပ်ထဲက မျောက်လို မြှောက်ဆော့လို့ ငါလျော်ရပြီးပြီ။

အခုလိုမှ မပြော၊ ဘယ်လိုပြောရတော့မှာလဲ။ ငါ့ကိုများ ငြိုငြင်နေတာလားတဲ့။ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ငါနောက်တစ်ခွန်းပြောလိုက်ရင် ခွေးမျိုးလေးက ထငိုတော့မယ့် သဘောမှာ ရှိတယ်ဗျာ။

ငါပြောရင်းကို စာရွက်ခေါက်ကလေးတွေကို ရက်ရက်စက်စက် လက်က အငြိမ်မနေနိုင်ဘဲ ဆက်ချိုးနေတော့ ငါသွားတွေပါကျိန်းလာပြီ။ ငါကိုက မှားတာပါ။ ငါကိုက အလုပ်တွေကို အိမ်ထိ သယ်လာမိတာ ငါမှားတာလို့!

ဒီလိုပြောမိရင်လည်း ငါ့ရှေ့က ကိုယ်တော်ချောက ပျော်သွားဦးမှာ။ ငါအိမ်မှာ အလုပ်လုပ်နေမိရင်ကို သူ့နှုတ်သီးပျားတုပ်သလို ဆူပုတ်ပြီး လငပုပ်ဖမ်းနေတာ။

အခု တမင်လုပ်နေတာကို ငါက မသိပဲနေမလား။

"ငြိုငြင်နေတာလေ!﹒﹒မေးနေစရာ လိုလို့လား﹒﹒အခုချတော့နော်﹒﹒မဟုတ်ရင် ငါမင်းကို Comicမဖတ်ပြဘဲ နေလိုက်မှာ﹒﹒"

အဲ့လိုပြောတော့ စွမ်းတယ်။ ငါနိုင်တာလည်း ဒီအကွက်ပဲရှိတယ်။ ငါ့ခွေးက ဇိမ်ခံရတာ ကြိုက်တာကို။ ညဆို ငါ့အခန်းထဲထိ လာပြီး သူအိပ်မပျော်မချင်း ငါ့ကို Comicဖတ်ပြခိုင်းရမှ ကျေနပ်တာ။ ငယ်ငယ်တုန်းကလည်း ငယ်တဲ့အလျောက် အိပ်ရာဝင်ပုံပြင်ပြောပြရသေးတယ်။ တကယ့် ငချွဲကောင်!

အဲ့လိုကောင်ကို ငါဘာလို့ ရည်းစားတော်ထားလဲသိချင်လား။ သေချာပေါက် ငါတစ်ပတ်ရိုက်ခံလိုက်ရတာပဲပေါ့။ ငါလည်း Bible Wichapasဆိုတဲ့ ခွေးလိုဟာလေးနဲ့ တွေ့မှ တစ်ပတ်အရိုက်မခံရရင် Build Jakapanမပီသတော့သလိုပဲ။

ငါနဲ့ သူနဲ့ ရည်းစားဖြစ်ရတဲ့ ဂယက်ကိုပြောပြရမယ်ဆို ဟိုး ငါအထက်တန်းကျောင်းသားဘဝထိ ပြန်ရစ်ပြရမှာပဲ။ ဂယက်﹒﹒တကယ့် ဂယက်!ငါ့ကို အဲ့ကတည်းက အလယ်တန်းကျောင်းသားလေးက စလိုက်တာမလို့လေ!

〝Ai Hma〞Where stories live. Discover now