XII

259 38 19
                                    

တစ်မနက်ခင်းမှာတော့ ငါအိမ်ဘေးက အရှုပ်ထုတ်ခွေးစုတ်လေးနဲ့အတူ သူရှုပ်ထားတဲ့ ပြဿနာတွေကို လိုက်ရှင်းရတယ်။ Apoကို လေဆိပ်လိုက်ပို့ပေးပြီး စိတ်မဆိုးတာသေချာအောင် မနည်းချော့မော့ပြောလိုက်ရတယ်။

Bibleကတော့ စိတ်မရှိပါဘူး အပိုတွေလုပ်နေတယ် ပြောပေမဲ့လည်း ဟိုတစ်နေ့က သူ့ဖုန်းထဲက ငါတို့နှစ်ယောက်ပုံတွေကြည့်ပြီး ဖျက်တော့မလို လုပ်နေတဲ့Apoကို ငါမျက်လုံးနှစ်လုံးနဲ့ တပ်အပ်ကြီးမြင်လိုက်ရတယ်။ ငါထင်တာတော့ Apoတစ်ယောက် စိတ်ဒဏ်ရာတွေရပြီး ငါတို့သူငယ်ချင်းဆက်ဆံရေးအကြောင်း ပြန်တွေးဖို့ အချိန်လိုနေတယ်ထင်ရပါ့။

ရှိတာမှ ဒီသူငယ်ချင်းလေးတစ်ယောက်တည်း။ Bibleလက်ချက်နဲ့ ကြာတော့ Apoလည်း စိတ်လွတ်တော့မယ့်ပုံရပါတယ်။

အိုက်မာ ဘယ်လိုဘယ်ပုံခြိမ်းခြောက်ပြီး ခေါ်ထည့်လိုက်တယ်မသိပေမဲ့လည်း Apoကလည်း တော်ရုံဆိုစိတ်မာပြီး အခုလိုလုပ်မယ့်လူမဟုတ်ပြန်ရာ။ ငါတွေးကြည့်ရုံနဲ့တင် ခွေးစုတ်ကို နုပ်နုပ်စင်းပစ်ချင်စိတ်တွေဖြစ်တာ တကယ်!

ဒါတောင် အဲ့ဒီဟာလေး သူလုပ်ချင်ရာလုပ်ပြီး သူမသိသလို၊ သူမမှားသလို အထာနဲ့။ ဆတ်ဆတ်ကြဲApoကလည်း Bibleအပေါ် အကြွေးတင်ထားသလားမသိအောင် ငြိမ်သက်နေတော့ ငါ့မှာ ပြောချင်တာတောင် ဆုံးခန်းတိုင်အောင် ပြောမရဘူး။

မျက်တွင်းတွေချိုင့်ပြီး ဟိုဟိုဒီဒီငေးမော တွေးတောပြီးစိတ်လွတ်နေတဲ့Apoကို လေဆိပ်အထိအရောက်ပို့ သူပြုံးပြနှုတ်ဆက်တာကို မြင်ရပြီးမှ ပြန်မယ်ဆိုတော့ အိုက်မာက သက်ပြင်းတွေလှိမ့်ချပြီး ငါ့ဘေးမှာ ငုတ်တုတ်ထိုင်စောင့်နေလေရဲ့။ ထိပ်တည့်တည့်ထုလိုက်ရရင်တော့ ဒီကောင်နာတော့မယ်လို့ ငါထင်တယ်။

Apoတစ်ယောက် အိပ်ရေးမဝသလို မျက်နှာနဲ့ ငါ့ကိုယောင်ဝါးဝါးရယ်ပြပုံက နည်းနည်းတော့ထူးဆန်းနေတယ်။ ငါဘေးကကောင်ကိုလှည့်ကြည့်လိုက်တော့လည်း ဘာမှမသိသလို အချိုးနဲ့ တစ်ဖက်ကိုလှည့်သွားတာမို့ ငါမျက်မှောင်ကုတ်လိုက်မိတယ်။

ကဲ!ကျန်တဲ့ တစ်ပတ်တာကို ဒီကောင်နဲ့ငါ ဟတ်ရိုင်မှာဘယ်လိုနှစ်ပါးသွားရမှာလဲ။

〝Ai Hma〞Waar verhalen tot leven komen. Ontdek het nu