VII

316 47 13
                                    

"စာမေးပွဲဖြေဖို့က ဘယ်နှစ်ရက်လိုသေးတာလဲ"

"1ရက်?"

ကြောင်တောင်တောင်မျက်နှာပေးနဲ့ ငါ့ကို ပြန်ဖြေပုံက လက်ထဲက rubik's cubeကိုတောင် အကြည့်မလွှဲဘဲ﹒﹒တစ်ခါတည်း လက်ထဲက လေ့ကျင့်ခန်းစာအုပ်နဲ့ ငါ့ခုတင်ပေါ် ဇိမ်လာကျနေတဲ့ အဲ့ခွေးကို ပစ်ပြီး မောင်းထုတ်လိုက်ရ အကြင်နာတရားခေါင်းပါးတယ် ဖြစ်ကုန်မယ်။

"မင်းဘယ်နှစ်ဘာသာ ပြတ်ပြီလဲ"

ငါပြောသာ ပြောရတာ။ ငါ့ရှေ့ကကောင်ဆီက သိပ်ပြီး မမျှော်လင့်ရဲပါဘူး။ ဘာသာစုံ အဆက်အသွယ်ပြတ်သွားပြီလို့ လာရင် လာနေမယ့်ကောင်စုတ်လေးရယ်။

"အဟမ်း﹒﹒အေးဆေးပေါ့ ကိုကိုကလည်း"

"ဪ﹒﹒"

မင်းကြီးတော် စာမေးပွဲက မင်းဖင်ထဲ ဝင်တော့မှာကွ!

မသိရင် ငါကပဲ အသည်းအသန် ခဲမှန်ပြီး လွန်ခဲ့တဲ့တစ်ပတ်ကတည်းက စာတွေ ကုန်းလုပ်နေတဲ့ သောက်ကြောင်လိုလို!သူစာမလုပ်တာက အသာထားပါ။

ငါစာလုပ်နေပြီဆို ဘာလဲ?ဟင်!တဂျောက်ဂျောက်တဂျက်ဂျက်!တဂျက်ဂျက် တဂျောက်ဂျောက်နဲ့။

အာရုံစိုက်နေတဲ့လူနား သူ့အရောင်စုံဟာကြီး လာလာလှည့်နေတာက ဘာသဘောလဲ။ သင်ခန်းစာထဲ မပါတဲ့ သဘောတရားတွေ နိယာမတွေလား။

တစ်ခါတစ်ခါ လူကမှ စာပိပြီး နားတွေ အူနေပါတယ်ဆို၊ ခွေးက ခွေးလိုမအူဘဲ လက်ကနေ သောက်သံမျိုးမျိုးလာထုတ်လွှတ်နေတော့ ပြေးပြေးပြီး ရိုက်ချင်လာတယ်။

အခုလည်း ကြည့်နေတဲ့ငါ မျက်စိနောက်အောင် မေးကုပ်လိုက် လှည့်လိုက်နဲ့ သူကတော့ အတည်ကြီး လုပ်နေတာလားဘာလားမသိပေမဲ့ လူရော အဲ့ဟာပါ အခန်းထဲက ဆောင့်ကန်ထုတ်ပစ်လိုက်ချင်နေပြီ။

ပထုတ်နေပြန်တော့လည်း မသိတာလိုလို၊ မသိချင်တာလိုလို။ ငါ့နှယ်﹒﹒ ဝဋ်တွေလည်း ကြီးလိုက်တာနော်။

"ကိုကို ကျွန်တော့်ကို ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ﹒﹒"

မေးပြီပေါ့လေ။ နောက်ဆုံးတော့ ငါ့ဉာဏ်ရည်လိုက်မမီအောင် မြင့်လွန်းနေတဲ့ ခွေးအလုပ်တွေအပေါ် ငါ့တုံ့ပြန်မှုတွေကို သူမြင်ပြီပေါ့လေ။

〝Ai Hma〞Where stories live. Discover now