XI

188 31 6
                                    

အိပ်မောကျနေတုန်း ကိုယ်ပေါ်ပိကျလာတဲ့ အလေးတုံးကြီးကြောင့် ငါမျက်လုံးနှစ်လုံးကို မဖွင့်ချင်ဖွင့်ချင် ဖွင့်ကြည့်လိုက်တော့ သေမယောင်အိပ်နေတဲ့ ခွေးတစ်ကောင်ရဲ့ မျက်နှာကို မြင်လိုက်ရတာနဲ့ တစ်ပြိုင်နက်အော်ဆဲပစ်ချင်စိတ်တွေ မွှန်ထူသွားတာပဲ။

"အိုက်မာ ဖယ်စမ်းပါကွာ"

ငါဗလုံးဗထွေးပြောလိုက်တာတောင် ဒင်းက အဟောက်မပြတ်သလို ငါ့ကို သူ့အနာဂတ်ကြီးလိုမျိုး ရှိရှိသမျှ ခြေရောလက်ရော လှမ်းပြီးပစ်တင်ထားတဲ့ Bible Wichapasဟာ သောက်သည်းယားချင်စဖွယ်မဖြစ်လှဘူးလား။ ငါပြောရင်အလွန်ဖြစ်သလို ငါလည်း ပြောရလောက်အောင် အားမရှိ။

တစ်မနက်လုံး ခွေးတစ်ကောင်မွှေသမျှ ငြိမ်ခံလာခဲ့ပြီး လူကို နုန်းခွေနေပါတယ်ဆို အိပ်တာတောင် ကောင်းကောင်းအိပ်ခွင့်မရှိတဲ့ ငါ့ကိုယ်ငါလည်း သနားလွန်းလို့ ဒီခွေးကို တခြားလှူပစ်ချင်လာပြီး ကုသိုလ်လုပ် ငါ့ဘဝအတွက် အမျှဝေလိုက်ချင်ပြီ။

"အိုက်မာ!!လေးတယ်လို့ ငနာလေးရဲ့"

"အင်!ဘာလဲ ကိုကိုရာ အမြဲတမ်း ကျွန်တော်ပဲ အပေါ်က နေလာတာကို"

"ဘာတွေ လာပြောနေပြန်တာလဲ မနက်စောစောစီးစီး!!"

သည်းမခံနိုင်တော့ဘူးဟေ့ဆိုတာနဲ့ ငါအသာပြန်မှေးထားတဲ့ မျက်လုံးနှစ်လုံးကို ဖတ်ခနဲနေအောင် ပြန်ဖွင့်လိုက်တော့ ငါ့ရှေ့တည့်တည့်က ခွေးက မှိန်းနေရင်နဲ့တောင် ပြုံးဖြဲဖြဲလုပ်နေသေးတယ်။ ငါမှုန်ကုတ်ပစ်လိုက်ပြီး အဲ့ဒီခွေးကောင်ကို တွန်းထုတ်ပစ်လိုက်တော့မှ ဆူပုတ်ပုတ်နဲ့ မျက်လုံးမှေးတေးတေးတွေကို မပီမသဖွင့်လာပြီး ငါ့ကိုဘုကြည့်ကြည့်တယ်။

သူကပဲ ငါ့ကို ဘုကြည့်ကြည့်ရတယ်ရှိပါသေးတယ်။ တစ်မနက်လုံး ငါ့ကို ကလိချင်တိုင်း ကလိလာတဲ့ ကောင်ကလေ။

လေယာဉ်ပေါ်မှာတုန်းကလည်း လေယာဉ်ပေါ်မှာမလို့။ အစောကတည်းက အစီအစဉ်တကျဆွဲထားတဲ့ ငါက သူနဲ့အတူ မထိုင်ရတာ ဆန်းသလား။ ဒါကို ငါ့ဘေးထိုင်တဲ့ ငါ့စီနီယာကို စျေးသွားကိုင်သတဲ့။

〝Ai Hma〞Where stories live. Discover now