"Bible Wichapas Sumettikul! မင်းနဲ့ငါပြတ်ပြီ!"
"ဟမ်!"
နေရင်းထိုင်းရင်း ထဖောက်တဲ့ ဘေးကလူကြောင့် ငါဖတ်နေတဲ့စာတောင် စနေဂြိုဟ်ကို ပြန်ကြွချီသွားတဲ့အထိပဲ။
ကိုကို့မျက်နှာ ဆူပုတ်နေတာကို တွေ့လိုက်တော့မှ ငါဘာလုပ်မိလိုက်လဲ ပြန်တွေးပေမဲ့လည်း ငါဒီရက်ပိုင်း ဣန္ဒြေရရနေထိုင်နေတာပါ။ ကြားနေကျအတိုင်း ဒီစကားက ဒီစကား ရေမရော၊ ဆားမပါဆိုပေမဲ့ ဒီတစ်ခေါက်တော့ ငါ့နာမည်အရှည်ကြီးကို ခေါ်ချသွားတာမလို့ ငါကိုကို့ကို ပြူးတူးပြဲတဲလေး ပြန်ကြည့်နေလိုက်မိတယ်။
"ငါ့ကို အဲ့လိုလာမကြည့်နဲ့ ပြတ်ပြီ!အတည် ပြတ်ပြီ"
ငါထင်ထားသလိုပဲ ငါ့စမ်းသပ်မှုကိုတောင် ကျော်လွှားပြီး နောက်တစ်ဆင့်လယ်ဗယ်တက်သွားတဲ့အထိ ငါ့ကိုဖြတ်ချင်နေတဲ့ ကိုကို့ကြောင့် ငါ့အာရုံတွေ စုစည်းလိုက်တယ်။ စဉ်းစားစမ်း။ ငါဒီရက်ပိုင်းအတွင်း ဘာများလုပ်မိလဲပေါ့။
သေချာတာတော့ ငါ့ကို ကိုကို့လက်ထပ်မယ်ဆိုတဲ့စကားကို မရရတဲ့နည်းနဲ့ နှိုက်ထုတ်ပြီးကတည်းက ငါလိမ်လိမ်မာမာနဲ့ စာပဲကြိုးစားနေခဲ့တာပါ။ ကိုကိုငြိုငြင်မှာစိုးလို့ ငါ့မှာရန်မဖြစ်၊ ကျောင်းမပြေး၊ အူမတိုဘဲနေနေတာ။ အူကတော့ တိုချင်တဲ့အခါတိုင်း တိုတိုဝင်သွားတတ်ပေမဲ့ မကြားဖူးဘူးလား။ ထွက်ပြီးသား ဆင်ဆွယ်ပြန်မဝင်ဘူးတဲ့။ သူ့အူက တိုဝင်လိုက် ရှည်ထွက်လိုက်နဲ့ အဝင်အထွက်ဖြစ်နေတာတော့ ဘယ်တတ်နိုင်မလဲ။
အဟမ်း! အူတိုတာ ရှည်တာကို ပြောနေတာပါနော်!။
"ကိုကို!မဟုတ်သေးဘူးလေ ကျွန်တော်ဘာလုပ်မိလို့လဲ..ဘာပဲဖြစ်ဖြစ် စိတ်မဆိုးပါနဲ့ဗျာ ဒီမှာ ကျွန်တော်ကိုကို့အတွက် ကြိုးစားနေတာလေ ဒီအတိုင်းကြီး ပစ်ထားခဲ့တော့မလို့လား"
"မင်းအဲ့မှာ တစ်ယောက်တည်း ကြိုးစားနေလိုက်တော့လေ..ငါ့ကို ဘာလို့ လာပြီး စကားပြောနေသေးလဲ သွား!!မင်းဒီနောက်ပိုင်း အချိုးတွေပြောင်းနေပြီ ငါ့ကိုမချစ်တော့ဘူးမလား အဲ့ဒီတော့ ပြတ်မယ်"
YOU ARE READING
〝Ai Hma〞
Fanfictionခွေးတစ်ကောင် ပေးရန် အလိုရှိသည်။ သတိ-ပိုင်ရှင်မှတပါး ကိုက်တတ်သည်။ S.O˙˙24102022˙˙ E.O˙˙2332023˙˙