VI

446 50 17
                                    

ဆယ့်နှစ်လရှိပြီး ရက်ပေါင်း ၃၆၅ရက်ရှိတဲ့ နှစ်တစ်နှစ်ထဲ ငါစိတ်အချမ်းသာဆုံး ရက်ကိုပြောပါဆိုရင် အလုပ်နားလို့မရတဲ့ ရက်တွေပဲ။

သူများတွေအတွက်တော့ အလုပ်နားရက်က အကောင်းဆုံးဖြစ်နေနိုင်ပေမဲ့ ငါအလုပ်ရပြီးနောက်ပိုင်းနှစ်တွေထဲမှာတော့ အလုပ်လုပ်ရတဲ့ ရက်တွေက နိဗ္ဗာန်လိုပဲ။ ငါ့ကို အများကတော့ အလုပ်စွဲလမ်းနေသူကြီးလို့ မြင်တော့မှာ။ တကယ်တော့ ဘာမှကြီးကြီးမားမားကြီးမဟုတ်ရပါဘူး။

ငါက ကြီးကြီးမားမားကြီး ဟုတ်ရအောင်လည်း ဘယ်သူ့မှ မဟုတ်ဘူးလေ။ Build Jakapanပဲ။ Build Jakapanဆိုတဲ့ ငါက ခွေးတစ်ကောင်ရန်ကနေ ငြိမ်ချမ်းစွာ လွတ်မြောက်နိုင်မယ့် အချိန်ကို အမြဲတောင့်တနေရုံပါပဲ။

အဟင်း!ရင်နာနာနဲ့ ပြောရရင် ငါ့တောင့်တမှုတွေက အမြဲ မပြည့်ပါဘူး။ ဘာလို့ဆို အလုပ်ထိ လာနှောင့်ယှက်ဖို့ ဝန်မလေးတဲ့ ခွေးမျိုးကိုမှ ငါလက်သပ်မွေးထားမိလို့ပဲလေ။

ငါ့ကို နှောင့်ယှက်ဖို့ဆို ၂၅နာရီလောက် breaktimeယူရင် ယူမယ့် သတ္တဝါမျိုးမလို့။ အိမ်က အလုပ်ကို မထွက်ခင် သရဏဂုံတင်ရခြင်းအကြောင်းကလည်း ဒါပါပဲ။

ကျေးဇူးပြုပြီး!တစ်ရက်လောက်ပဲ အေးချမ်းစွာ ထပ်နေခွင့်ပေးပါ။

ဒီလို နေ့တိုင်းဆုတောင်းပေမဲ့လည်း ပြည့်ချင်တဲ့ နေ့မှပြည့်တယ်။ ပြည့်တဲ့နေ့ကတော့ နတ်တွေသကြားတွေအကုန် စိတ်ကောင်းဝင်နေလို့ ဒါမှမဟုတ်ရင် ဟိုခွေးလေး စိတ်ရူးဖောက်နေလို့ပဲဖြစ်မှာ။

ဒီလိုပြောလို့လည်း Bibleမှာ စိတ်မှန်တဲ့အချိန်ရှိတာမျိုးမဟုတ်ပါဘူး။ တစ်ချိန်လုံး﹒﹒အရူးထနေတာပဲ။ Ok!ဒီလောက်ဆို အဝေးက တစ်စုံတစ်ယောက် နေမထိထိုင်မသာဖြစ်အောင် အတင်းပြောတာမျိုး လုံလောက်ပြီ။

ဒီနေ့အတွက်တော့ နေ့လယ်ထိ ရာသီဥတုသာယာနေတုန်းပဲ။ အရင်လို ဆေးရုံဝင်ပေါက်ကတည်းက ငါ့နာမည်ကြီးခေါ်ခေါ်ပြီး ပြေးလာတဲ့ အသံလည်းမကြားရသလို၊ ငါနဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဟောင်နေတဲ့ အသံမျိုးလည်းမကြားမိသေးဘူး။

〝Ai Hma〞Donde viven las historias. Descúbrelo ahora