X

181 32 7
                                    

"ကိုကို ဘယ်သွားမှာ"

"ဟတ်ရိုင်ကို"

"ဘယ်လောက်ကြာအောင် ထွက်သွားမှာလို့ ပြောလိုက်တာ"

"အနည်းဆုံး တစ်ပတ်!"

ငါစိတ်ကိုမရှည်တော့တာမို့ လက်ထဲက သစ်သီးလှီးနေတဲ့ ဓားကို အသံမြည်အောင် ချပြီးတာနဲ့ မျက်နှာကျက်ကို ကြည့်ပြီးသက်မသံကြီးရောလို့ ဖြေလိုက်တော့ ငါ့ဘေးမှာ စားပွဲပေါ်လက်နှစ်ဖက်တင်ပြီး နားပူနားဆာလုပ်နေတဲ့ ခွေးက တစ်ချက်ငြိမ်ကျသွားတယ်။

ငါတော့ ထင်တယ်။ ဆူညံသံတွေက အခုမှစလာမှာ။ ဒီမေးခွန်းတွေချည်း ဆက်တိုက်မေးနေပုံအရ ငါ့အဖြေတွေပြောင်းသွားတာကို လိုချင်နေမှန်းသိသာတယ်။ ဒါပေမဲ့ ပြောင်းစရာအကြောင်းမရှိဘူးဆိုတာ သိသွားတာနဲ့ အဲ့ခွေးကောင်က မိုင်ကုန်ပြဿနာရှာတော့မယ်ဆိုတာငါသိနေတော့ ဓားကို ပြန်ကောက်ကိုင်လိုက်တယ်။

"ကိုကိုက ကျွန်တော်နဲ့ အဝေးကြီးမှာ အကြာကြီးနေနိုင်တယ်ပေါ့"

အံမယ်။ ငါ့ကိုတောင် လွှဲချလိုက်သေးတယ်။ ဒီကိစ္စမှာ ငါလည်း မေးခွန်းထုတ်ချင်လွန်းလို့ပါ။ ဘာလို့များ ငါ့ကိုမှ ဘန်ကောက်နဲ့ တအားဝေးတဲ့နေရာကို ပို့ချလိုက်သလဲ ငါလည်း သိချင်တယ်။ ငါ့အကြောင်း တစ်လောကလုံးမသိရင်တောင် ငါ့ရဲ့ ရည်းစားကပ်ပါးကောင်အကြောင်း ဆေးရုံတစ်ခုလုံးသိပါလျက်နဲ့ နယ်လှည့်ဆေးကုရေးအတွက် ငါ့ကို ဟတ်ရိုင်ထိ ပို့ပါသတဲ့။

ငါ့ကံက အဲ့ဒီလောက် ဆိုးသလား။ ငါ့ခွေးကောင်က အဲ့ဒီထက် ဆိုးတာကို ငါသိတယ်။ သိနေပေမဲ့ သူဆိုးခွင့်ပေးရလောက်အောင် ငါ့ကံကရော ယုတ်မာမှ ဖြစ်မှာတဲ့လား။

"ဟတ်ရိုင်ကို သွားရမယ့်အဖွဲ့ထဲ ပါသွားတာကိုလို့ အဲ့ဒါနဲ့မဆိုင်ပါဘူး အိုက်မာ"

လက်အားစုပြီး ပန်းသီးကို ထက်ခြမ်းခြမ်းလိုက်တဲ့အချိန်မှာပဲ ဒုတ်ဆိုတဲ့အသံနဲ့အတူ ဘေးကနေလည်း နှာမှုတ်သံကထွက်လာသေးတော့ ငါတတ်နိုင်သမျှ စိတ်ကို တည်ငြိမ်အောင်ထားရတယ်။ စကားမှားသွားတာဖြစ်ဖြစ်၊ စိတ်မရှည်ဖြစ်မိတာဖြစ်ဖြစ် ဒီအချိန်မှာတော့ ဖြစ်လို့မရသေးဘူး။

〝Ai Hma〞Donde viven las historias. Descúbrelo ahora