III

467 69 34
                                    

"အိုက်မာ﹒﹒မင်းရန်ဖြစ်ရတာကို ဘာလို့ ဒီလောက် ကြိုက်နေတာလဲဟမ်!﹒﹒"

အောက်နှုတ်ခမ်းထောင့်ဟာ ဖူးရောင်ပြီး မျက်ခမ်းတစ်ဖက်၌ ညိုညိုမဲမဲ တံဆိပ်ရိုက်နှိပ်လာတဲ့ ခွေးကောင်မျက်ခွက်ကို ဆွဲယမ်းပစ်မိမတတ် ငါအော်ငေါက်လိုက်တော့ ဆူပုတ်နေတဲ့ မျက်နှာက ရိုက်သတ်ပစ်ချင်စရာ တကယ်ကောင်းသွားတယ်။

အရည်ပျော်ကျသွားတဲ့ ငါ့ကိုငါလေ﹒﹒ပါးတွေနားတွေသာ ဆင့်ဆင့်ရိုက်ပစ်ချင်တယ်။

ငါအော်ငေါက်လိုက်တာနဲ့ သူ့ကျောင်းက ပျိုမဒီလေးတွေ သူတစ်ခါပြုံးတာနဲ့ သေလောက်ပါတယ်ဆိုပြီး ပြောကြတဲ့ စကားပြောရုံနဲ့ ပေါ်လာတတ်တဲ့ ပါးရိုးထင်းထင်းတွေ ကြက်ပျောက်ငှက်ပျောက်ပျောက်သွားတဲ့အထိ ပါးနှစ်ဖက် မသိမသာ ဖောင်းတက်လာအောင် ဆူပုတ်ပြပြီး ငါ့ကို အရည်ဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ မရဲတရဲ မော့ကြည့်နေတာများ﹒﹒ငါမသိရင် ခက်မယ်။ ဒီအကွက်တွေ ရိုးဟိုးဟိုးနေပြီ။

စတိုင်လ်တွေ စတန့်တွေ ထွင်လာပြီး နောက်ဆုံး သူ့ရည်းစားက ဆရာဝန်ပဲလေ၊ ဆေးဖိုးမကုန်ပါဘူးဆိုတဲ့ အချိုးနဲ့ ငါ့ဆီရောက်ရောက်လာပြီး အခွင့်အရေးသမားလုပ်ချင်နေတာလေ။

သိပေမဲ့ ခက်တုန်းပဲ။ ငါ့ကို ကြည့်နေတဲ့ပုံက ဆူပစ်ရက်စရာတောင် မရှိဘူးလေ။ ဒါပေမဲ့ စုတ်ပြတ်သတ်ပြီး ငါ့ရည်းစားလို့တောင် မခေါ်ထိုက်တော့တဲ့အထိ ဖြစ်ပျက်လာတာကို သတိပြုမိပြန်တော့လည်း ငါမကျေမချမ်းနဲ့ ငါ့လက်ထဲက အဲ့ခွေးကလေးရဲ့ မေးကို ခပ်ဝေးဝေးတွန်းထုတ်ပစ်လိုက်တယ်။

သောက်ခွေးကောင် ကြင်နာပေးဖို့ မတန်ပုံများ!

ငါ့ဘက်က မီးနီပြလိုက်တာနဲ့ ကျစ်ခနဲစုတ်သပ်ပြီး ခုနက ချွဲပျစ်နေတဲ့ ရုပ်က အလိုမကျသလို မှုန်ကုတ်သွားနှင့်ပြီ။ ဒီခွေး!

"ဘယ်သူက ရန်ဖြစ်ရတာ ကြိုက်ရမှာလဲ ကိုကိုရာ﹒﹒"

"မင်းက ငါ့ကို ပြန်မေးရဲသေးတယ်ပေါ့!﹒﹒ဒီမှာ!Bible Wichapas﹒﹒ငါ့ဆေးခန်းကို အလာဆုံး လူနာက မင်းပဲ!﹒﹒တစ်နှစ်တာ ဆေးအကုနိုင်ဆုံးလူနာဆုအဖြစ် promotionပေးလို့တောင်ရနေပြီ﹒﹒!ငါနော်﹒﹒ငါပြောရင် နမိတ်မရှိနမာမရှိတွေ ပြောတယ်က ဖြစ်ဦးမယ်﹒﹒"

〝Ai Hma〞Where stories live. Discover now