VIII

393 37 13
                                    

"ကိုကို﹒﹒နော်﹒﹒ကျွန်တော်တို့ လက်ထပ်ရအောင်နော်﹒﹒"

အလုံးလိုက်အခဲလိုက် ထွက်ကျလာတဲ့ စကားကြောင့် ငါလုပ်နေကိုင်နေတာတွေပါ မေ့ပြီး ကြက်သေသေသွားရာက ငါ့ကို လှိုက်လှိုက်လှဲလှဲကြီး ကြည့်နေတဲ့ Bibleကို မျက်လုံးပြူးပြလိုက်ရတယ်။

ဒီကောင် ဖောက်နေပြီ!

"နော်﹒﹒ကိုကိုနော်﹒﹒"

"လု(ခ်)"

ချွဲပျစ်လာတဲ့ မျက်နှာထားနဲ့ အသံကြောင့် ငါကျောတွေ ချမ်းလာပြီး နားထဲ ကျဉ်တက်လာသလို ခံစားရတာမို့ တိတ်တိတ်နေဖို့အရေး ရှူးတိုးတိုးလုပ်ပြလိုက်တော့ မတရားခံရတဲ့ မျက်နှာပေးမျိုးနဲ့ အဲ့ခွေးလေးက နှုတ်ခမ်းကို တစ်ယူဇနာလောက် ထော်ထွက်လာတာ။ ငါရိုက်ချိုးလိုက်ရ မကောင်းရှိတော့မယ်ထင်ပါရဲ့။

ဟောင်လွန်းတဲ့ ခွေး လူမလေး၊ ပူဆာလွန်းတဲ့ကလေး လက်ပါပေးဆိုတာမျိုးတွေ ငါ့အလှည့်မှ ပေါ်လာတော့မှာ။

မဟုတ်သေးပါဘူး။ ပူဆာမယ်ဆိုလည်း နည်းနည်းပါးပါး ဟုတ်တိပတ်တိတွေ ပူဆာမှပေါ့။ အခုကျ ငါ့ကိုသက်သက်မဲ့ လာပြီး ခေါင်းစားနေသလိုပဲ။

လက်ထပ်မယ်တဲ့။ နေရင်းထိုင်ရင်း လက်ထပ်မယ်တဲ့။ သူ့မျောက်လုံးနှစ်လုံးစဖွင့်ကတည်းက ဘာကို အဲ့လောက် ချင်ခြင်းတပ်နေတယ်မသိဘဲ ဒါချည်းလာလာပွားနေတယ်။

ဘယ်ကစလာလဲ မေးရင် အတော်ကြာနေပြီ။ သူ့ဒုက္ခကို ငါ့ဒုက္ခလုပ်နေတာ နာရီဝက်လောက်ရှိပြီ။ ဘဝက တိုပေမဲ့ Bibleရစ်ရင်တော့ ဆယ်ဘဝစာ ကြာကြာသွားတယ်။

တကယ်တော့ ဒီနေ့က ငါ့မွေးနေ့။ Bibleစကားနဲ့ပြောရရင် ငါ့ရဲ့ ဒုတိယမွေးနေ့ပေါ့။

ငါဂုဏ်ဆာတာတော့ မဟုတ်ပေမဲ့ ငါက အဲ့ခွေးလေးပေးတဲ့ ဒုက္ခတွေတင်မကဘူး နှစ်ဆလောက်ရှိတဲ့ အချစ်တွေပါရထားတာ။ တစ်ခါတစ်လေ ငါရွေးချယ်ရခက်တာတွေ အဲ့ဒါလည်းပါတယ်။ အခုထိ သံသရာလည်နေတော့တာ။

ငါ့မွေးနေ့ကို အဲ့ခွေးလေးက သောက်ဆန်းထွင်ပြီး နှစ်ခါစာလုပ်ပေးတတ်တယ်။ ငယ်ငယ်ကသာ သင်္ချာနဲ့ ရန်မဖြစ်ဖို့အရေး ငါ့ခမျာ ငြိမ်ချမ်းရေးတရားတွေ ဟောလိုက်ရတာ။ အဲ့ခွေးလေး တော်ပုံတတ်ပုံက ငါ့အမေ ဗိုက်ထဲ ငါရောက်တဲ့နေ့ကိုပါ professionalဆန်ဆန် တွက်ထုတ်ပြီး ပထမမွေးနေ့ ဒုတိယမွေးနေ့ဆိုပြီး အကဲပိုတာ နှစ်တိုင်းပဲ။

〝Ai Hma〞Where stories live. Discover now