V

539 63 37
                                    

"Bible!Bible!"

တစ်ယောက်တည်းရဲ့ နာမည်ကို အော်အော်ပြီး အားပေးနေတဲ့ အသံတွေက ငါဒီကွင်းထဲကို ခြေချကတည်းက ပြည့်နှက်နေတော့တာပဲ။

ကွင်းပတ်ပတ်လည်က ပွဲကြည့်စင်မှာလည်း အားပေးနေတဲ့ လူတွေ ကျပ်လို့သပ်လို့၊ အုံးအုံးကျက်ကျက်အသံတွေက အားကစားရုံအပြင်ဘက်ကတောင် ကြားနေရလောက်တယ်။ ပွဲစဉ်တစ်ဖြတ်တောင် ပြီးတော့မှာမို့ ဒီလောက်တော့ ရှိမှာပေါ့။

ငါလာတာ နည်းနည်းနောက်ကျသွားတယ်။ ကျောင်းပွဲတွေက ဘာလို့ ရုံးပိတ်ရက် မလုပ်တာလဲ။ ဟုတ်တယ်မလား။ အခုတော့ ဟိုခွေးလေး ကျွဲမြီးတိုနေတော့မယ်။

အဲ့လိုဆိုမှ Bibleဘယ်မှာလဲဟ။ ငါဘတ်စကက်ဘောကွင်းထဲ ပြေးလွှားနေတဲ့ လူတွေကြား လည်မျှော်ပြီး ရှာကြည့်လိုက်တယ်။ ဝင်လာကတည်းက တစ်ကွင်းလုံးအားပေးနေတဲ့ Bibleကို ငါတွေ့တော့ အမယ်﹒﹒တယ်ဟုတ်ပါလား။

သူကပဲ ဦးဆောင်နေတဲ့ ခွေးလေးက ဒီလိုကျ ဘတ်စကက်ဘောအဖွဲ့ခေါင်းဆောင် ပီသသွားတာပဲ။ မျက်နှာတစ်ခုလုံး ချွေးတွေပြည့်နေတာတောင် အဲ့ကောင်က ဟန်ပါပါပြုံးနေသေးတယ်။ ဂုဏ်ဆာနေတာလားဟ!

အထက်တန်းကတည်းက ဘက်စကက်ဘောစကစားရာက အဖွဲ့သားတွေနဲ့ပေါင်းမိတာနဲ့ပဲ တဖြည်းဖြည်း အပေါင်းအသင်းဝင်ဆံ့လာပြီး ပြိုင်ပွဲတွေထဲ လက်ရွေးစင်အဖြစ် ပါခဲ့ဖူးတာ ငါသိပေမဲ့ မထင်ထားဘူး။ ဒီလောက် တော်လိမ့်မယ်လို့။ တိုက်စစ်ကောင်းပြီး တစ်ဖက်က ခံစစ်ကို အသာလေး ဖောက်ဝင်သွားတာက အားရစရာတကယ်ကောင်းတယ်။

ငါကြည့်နေတုန်းမှာ တစ်ကွင်းလုံးမှာရှိသမျှ အသံတွေ ဝုန်းခနဲမြင့်တက်လာပြီး ငါပါ ဝိုးခနဲဖြစ်သွားရတယ်။ ပိတ်မိနေတဲ့ အခြေအနေကြားမှာ လက်ထဲက ဘောလုံးကို အသာပုတ်နေတဲ့ Bibleက မျက်နှာတစ်ချက်တောင် မပျက်ဘဲ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ ပြစ်မှတ်ထဲ ဘောလုံးကို လှလှပပ ပစ်သွင်းလိုက်တာများ﹒﹒

ငါ့ကို တစ်ချိန်လုံး ဒုက္ခပေးနေတဲ့ ရည်းစားအစုတ်ပလုတ်ဆိုတာပါ မေ့သွားပြီး ငါ့လူငါ့လူနဲ့ ဘေးက ပါလာတဲ့ Apoကို လှည့်ပြောလိုက်တော့ ငါအတင်းခေါ်လို့ လိုက်လာတဲ့ Apoက မျက်နှာရှစ်ခေါက်ချိုးနဲ့ ငါ့ကို လှည့်ကြည့်တယ်။

〝Ai Hma〞Where stories live. Discover now