Extra

235 34 9
                                    

"ဆရာအေးအေးလေးအတွက် ကော်ဖီပူပူနဲ့ ကိတ်မုန့်ချိုချိုကလေးပါတဲ့ဗျာ"

ငါ့ကိုယ်ငါလက်ညှိုးညွှန်လိုက်မိတော့ စီနီယာက ဟုတ်ကြောင်းမှန်ကြောင်း ခေါင်းတဆတ်ဆတ်ညိတ်ပြပြီး ငါ့ကိုမျက်ခုံးပင့်ပြတယ်။

"လူနာတိုင်းရဲ့ အချစ်တော်လေးက နောက်တစ်ယောက်ရှိသေးလို့လားBuild"

"ဟဲဟဲ ဟုတ်သားပဲ!ကျွန်တော်ပဲကို"

ငါမချိပြုံးနဲ့ ခပ်မူမူပြန်နောက်လိုက်တော့ စီနီယာက လက်မြှောက်ခေါင်းခါပြီး ငါ့ကို အရှုံးပေးသွားတယ်။ ငါသဘောတကျရယ်လိုက်ပြီး မုန့်အိတ်ဘေးနားက ခြင်းထဲမှာ ထည့်ထားတဲ့ ဆေးဖိုင်ကို လှမ်းယူလိုက်တယ်။

"ပြန်ရင် ဒါတွေ ဝင်ယူဖို့မမေ့နဲ့ဦးနော်..ခုနစ်နာရီဒေါင်ဆိုတာနဲ့ လက်ထဲဆေးထိုးအပ်ရှိနေတောင် ချမထားဘဲ ပျောက်ပျောက်သွားတာ မင်းမဟုတ်တော့ဘူးနော်Build"

"မဟုတ်ပါဘူးဗျာ..BPချိန်ပြီးတာနဲ့ ပြန်လာယူမယ် စိတ်ချ"

BPအကြောင်းပြ စကားလမ်းကြောင်းလွှဲလိုက်လို့ ခေါင်းညိတ်ပြလာတဲ့စီနီယာကို အိမ်က VVIPအကြောင်းတော့ ငါပြောပြမနေတော့ပါဘူး။ ဒီနောက်ပိုင်း ငါအချိန်တိကျရတဲ့ အကြောင်းအရင်းက အဲ့ဒီ လေးစားစဖွယ် အချိန်ကို တန်ဖိုးထားတဲ့ သောက်ကြီးသောက်ကျယ် VVIPကောင်ကြောင့်လေ။ ပြောခံရပေါင်းလည်းများပါပြီ။

ပြန်မသွားခင် လူနာတစ်ယောက်ပေးထားခဲ့တဲ့ မုန့်တွေကိုကြည့်ပြီး ငါက အိမ်က လူကိုပဲ သတိရသွားတယ်။ ထောင်ကျသွားပြီးကတည်းက ဆေးရုံကို သူ့ကစားကွင်းသိပ်မလုပ်နိုင်တော့တာပဲ။

ဆေးကောင်တာက ဝန်ထမ်းမလေးတွေကအစ သူ့ကို မေးလို့မဆုံးနိုင်ဘူး။ ထောင်မှူးက အရမ်းတင်းကျပ်တာနေမှာပဲနော်တဲ့။

ဒင်းကျတာ တခြားထောင်တော့မဟုတ်ပါဘူး။ ကမြင်းကြောထလွန်းလို့ ဘယ်သူမှ သူ့ဒဏ်မခံနိုင်တဲ့အဆုံး ဒင်းစိတ်အလိုကျ ဖြစ်ချင်ရာဖြစ် သံဂဟေဆက်ထားလို့ အကြမ်းခံတဲ့ငါ့လက်ထဲ အပ်လိုက်လို့ ကျသွားတဲ့ထောင်။ အိမ်ထောင်!။

ထောင်မှူးကတော့ ငါပေါ့လေ။

ငါကသာ တင်းကျပ်ထားတယ်ထင်နေကြတာပါ။ တင်းမပြည့်ကျပ်မပြည့် အဲ့ဒီဟာလေးက ငါက ဟိုဟာဆို သူက ဒီဟာလုပ်ဖို့ လန်ကြုတ်နေရလွန်းပြီး မအားမယားနိုင်ဖြစ်နေရှာတာ။

〝Ai Hma〞Where stories live. Discover now